ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား အာရှဖွံ့ဖြိုးရေးဘဏ်( ADB) မှ Country Director, Myanmar Resident Mission ဖြစ်သူ Mr. Newin Sinsiri ဦးဆောင်သောအဖွဲ့ က လာရောက်တွေ့ဆုံ

နေပြည်တော်၊ ၁၈.၇.၂၀၁၈

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးအား ADB မှ Country Director, Myanmar Resident Mission ဖြစ်သူ Mr. Newin Sinsiri ဦးဆောင်သောအဖွဲ့ က နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် ၂၀၁၈ခုနှစ်၊ မေလ(၂)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း နာဂစ်မုန်တိုင်း(၁၀)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကိုပူးပေါင်းကျင်းပခဲ့မှု၊ ၂၀၁၇ခုနှစ်တွင် ပြည်သူလူထု သဘာဝဘေး ရင်ဆိုင်တုံ့ပြန်နိုင်ရေး အမျိုးသားအဆင့် မူဘောင်ချမှတ်ခဲ့ပြီး ၄င်းမူဘောင် အကောင်အထည်ဖော်တိုးတက်မှု သုံးသပ်ရေး အလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၈ ခုနှစ်၊ ဧပြီလတွင် ကျင်းပခဲ့မှု၊ ဧရာဝတီတိုင်းဒေသကြီး အပါအဝင် မြန်မာပြည်သူလူထု သဘာဝဘေးနှင့် ရာသီဥတု ပြောင်းလဲမှု ရင်ဆိုင်တုံ့ပြန်နိုင်ရေး စွမ်းရည်မြင့်မားရေးဆိုင်ရာနည်းပညာ အကူအညီပေးမှု (၄)နှစ်တာ စီမံကိန်းအား ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ADB အနေဖြင့် ရခိုင်ပြည်နယ်အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရေး စီမံကိန်းများ ဆောင်ရွက်နေပြီး UEHRD ၏ လမ်းညွှန်မှုနှင့်အတူ ပူးပေါင်းဆောင်ရွက် သွားမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter