ဒုတိယ၀န်ကြီးဦးစိုးအောင် အား ရန်ကုန်မြို့ရှိ British Council , Country Director မှ လာရောက်တွေ့ဆုံ

မတ်လ ၁၃ ၊ နေပြည်တော်

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးအောင်အား ရန်ကုန်မြို့ရှိ British Council , Country Director, Dr. Richard Sunderland က ယနေ့နံနက်ပိုင်းတွင်  အဆိုပါဝန်ကြီးဌာန၏ ၀န်ကြီးရုံးအစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။

          တွေ့ဆုံရာတွင် British Council မှ ဆောင်ရွက်လျက်ရှိသော လူငယ်သုတေသနစီမံကိန်း အား ၀န်ကြီးဌာနက ဖွဲ့စည်းထားရှိသော Protocol and Ethic Board ၏ စည်းမျဉ်းများနှင့်အညီ ပြုစုဆောင်ရွက်ရေး၊ အဆိုပါ လူငယ်သုတေသနစစ်တမ်းအနေဖြင့် နိုင်ငံတော်မှ ရေးဆွဲအတည်ပြု ထားသော လူငယ်မူဝါဒနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိ ပါသည်။

FacebookTwitter