ရခိုင်ပြည်နယ်အတွင်း အမျိုးသားလူမှုရေးပင်စင်ပေးအပ်

ရခိုင်ပြည်နယ်၊ ၁၅.၆.၂၀၁၇
         အမျိုးသားလူမှုရေးပင်စင် ပထမသုံးလစာအတွက် ငွေကျပ် (၃၀၀၀၀ိ/-)စီအား (၁၅.၆.၂၀၁၇) ရက်   နေ့တွင် ရခိုင်ပြည်နယ်  စစ်တွေမြို့နယ်တွင် ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး  ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ ကျောင်းကြီးလမ်း ရပ်ကွက်၊ ကျောင်းတက်လမ်းရပ်ကွက်၊ ရွာကြီးတောင်ရပ်ကွက်၊ ရွာကြီးမြောက်ရပ်ကွက်၊ အုန်းတပင်ရပ်ကွက်၊ လမ်းမတော်မြောက်ရပ်ကွက်၊ မိဇံရပ်ကွက်၊ အိုးတန်းရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်တို့မှ အသက် (၉၀)နှစ်နှင့်အထက် အဘိုး၊အဘွား (၂၈)ဦးအား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ ပါသည်။
            ရခိုင်ပြည်နယ်အတွင်းမြို့နယ် (၁၇) မြို့နယ်၌ အမျိုးသားလူမှုရေးပင်စင် အကျိုးခံစားထိုက်သူ အသက် (၉၀)နှစ်နှင့်အထက် အဘိုး(၄၁၁)ဦး၊ အဘွား (၈၄၅) ဦး၊ စုစုပေါင်း (၁၂၅၆)ဦးတို့အား ပြည်နယ်လူမှုဝန်ထမ်းရုံးမှ အရာထမ်း၊ အမှုထမ်းများသည် သက်ဆိုင်ရာမြို့နယ်များအရောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများနှင့် ပူးပေါင်း၍ (၁၅.၆.၂၀၁၇) ရက်နေ့တွင် တပြိုင်နက်တည်း  အမျိုးသားလူမှုရေးပင်စင်များကို သွားရောက် ပေးအပ်လျှက်ရှိနေကြောင်းသတင်းရရှိပါသည်။

FacebookTwitter