UEHRD ပြည်ထောင်စုစီမံကိန်းတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ထိုင်းသံအမတ်ကြီး H. E. Mr. Jukr Boon-Long နှင့် ဥရောပသမဂ္ဂအဖွဲ့ရုံး၊ သံအမတ်ကြီးတို့က သီးခြားစီလာရောက်တွေ့ဆုံ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ထိုင်းနိုင်ငံသံအမတ်ကြီး H.E Mr. Jukr Boon-Long နှင့် ဥရောပသမဂ္ဂအဖွဲ့ရုံး၊သံအမတ်ကြီး H.E Mr. Hhristian Schmidt တို့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမတွင် သီးခြားစီ လာရောက်တွေ့ဆုံပါသည်။ ထိုင်းသံအမတ်ကြီး H. E. Mr. Jukr Boon-Longက ထိုင်းနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်တွင် စီမံကိန်းများဆောင်ရွက်နေပါကြောင်း၊ အထက်တန်းကျောင်းနှင့် အလယ်တန်း ကျောင်းများ ပြုပြင်ခြင်း၊ ရပ်ရွာပိုင်ဆန်စက်ထူထောင်ခြင်းနှင့် သင်တန်းများပေးခြင်းတို့ ဖြစ်ပါကြောင်း၊ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်တွင် အိမ်ရာဆောက်လုပ်ရေးကဏ္ဍ၌ အကူအညီပေးလိုပါ ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့်

လှူဒါန်းမှုပြုပစ္စည်းများလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း

ပဲခူးတိုင်းဒေသကြီး၊ ၂၀၁၈ ၊ဇန်န၀ါရီ ၁၉ (၁၉.၁.၂၀၁၈)ရက်နေ့၊နံနက်(၉း၃၀)နာရီတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းအမှတ်(၁)၊ပဲခူးမြို့၌ ကိုရီးယားနိုင်ငံမှ လှူဒါန်း မှုပြု ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊တိုင်းဒေသကြီးဦးစီးမှူးအဖွင့်အမှာ စကားပြောကြားပြီးKorea University Council For Social Service Under by KOICA (KUCSS)မှ Volunteer များကနှုတ်ဆက် စကားပြောကြား၍ လှူဒါန်းပစ္စည်းများအား လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့ပါသည်။ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးမှ ဂုဏ်ပြု မှတ်တမ်းလွှာများပြန်လည်ပေးအပ်ပြီး အမှတ်(၁) မူလတန်းကြိုကျောင်း ၊ကျောင်းအုပ် မှကျေးဇူးတင် စကားပြန်လည်ပြောကြား ခဲ့ပါသည်။

မီးဘေးလုံခြုံရေး ဟောပြောပွဲ၊ဇတ်တိုက်လေ့ကျင့်ခြင်းနှင့်သရုပ်ပြပွဲ အခမ်းအနားကျင်းပခြင်း

ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊၂၀၁၈၊ဇန်နဝါရီ ၁၉ လူမှုဝန်ထမ်းဦးစီးဌာန၊ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံးနှင့်ဌာနငယ်မူကြို/သင်တန်းကျောင်းများ၏ မီးဘေး လုံခြုံရေးဟောပြောပွဲ၊ ဇတ်တိုက်လေ့ကျင့်ခြင်းနှင့် သရုပ်ပြပွဲအခမ်းအနားအား (၁၃.၁.၂၀၁၈)ရက်နေတွင် ကျိုင်းတုံကလေးပြုစုရေးဌာန၌ကျင်း ပပြုလုပ်ခဲ့ပါသည်

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား UNHCR နှင့် UNFPA တို့မှ သီးခြားစီလာရောက်တွေ့ဆုံ

နေပြည်တော် ၊၂၀၁၈၊ဇန်နဝါရိ ၁၉ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) မှကိုယ်စားလှယ်ဖြစ်သူMr.Giuseppede Vinecentiisနှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့မှ (UNFPA) မှကုသမဂ္ဂ ယာယီညှိနှိုင်းရေးမှူးဖြစ်သူ Ms.Janet E .Jackson တို့က (၁၈.၁.၂၀၁၈) ရက်နေ့ ၊နေ့လည်ပိုင်း တွင် အဆိုပါ ဝန်ကြီးရုံးမေခလာခန်းမ တွင်သီးခြားစီ လာရောက်တွေ့ဆုံ ပါသည်။

ကာယစွမ်းရည်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပခြင်း

မကွေးတိုင်းဒေသကြီး၊၂၀၁၈၊ဇန်နဝါရီ ၁၉ လူမှုဝန်ထမ်းဦးစီးဌာန၊မူလတန်းကြိုကျောင်း၊မကွေးမြို့တွင်ကာယစွမ်းရည်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားအား(၁၉.၁.၂၀၁၈)ရက်နေ့၌ကျင်းပပြုလုပ် ရာမကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊တိုင်းဒေသကြီးဦးစီးမှူးနှင့်တာဝန်ရှိဝန်ထမ်းများ၊မိဘဆရာအသင်းဝင်များနှင့် ကလေးမိဘများတက်ရောက် အားပေး၍ဆုများ အသီးသီးချီးမြှင့်

စေတနာ့ဝန်​ထမ်းမူးယစ်​ကြီးကြပ်​​ရေးမှူးသင်​တန်း အမှတ်စဉ် (၁/၂၀၁၈)ဖွင့်လှစ်ခြင်း

ကချင်ပြည်နယ်၊ ၂၀၁၈၊ဇန်နဝါရီ ၁၈ (၁၅.၁.၂၀၁၇)ရက်​​နေ့၊နံနက်(၀၉း၀၀)နာရီတွင်လူမှုဝန်ထမ်းဦးစီးဌာနဗန်းမော်ခရိုင်လူမှုဝန်ထမ်းရုံး၊ခန်းမ​ဆောင်၌ ​စေတနာ့ဝန်ထမ်းမူး ယစ်ကြီးကြပ်​ ​ရေးမှူးသင်တန်းအမှတ်စဉ်(၁/၂၀၁၈)ဖွင့်​လှစ်​ခြင်းအခမ်းအနားကျင်းပခဲ့ရာ ဗန်း​မော်ခရိုင် အထွေ​ထွေအုပ်ချုပ်​​ရေးဦးစီးဌာန ၊ဒု/ခရိုင် အုပ်ချုပ်​​ရေးမှူး မှ အဖွင့်​ အမှာစကား​ပြောကြားပြီးဗန်း​မော်ခရိုင်​လူမှုဝန်​ထမ်းရုံး၊ လက်​​ထောက်​ညွှန်​ကြား​ရေးမှူးဦးသန်းထွန်း​အောင်​ကသင်​တန်းဖွင့်​လှစ်​ရခြင်းရည်​ရွယ်​ချက်​များကိုရှင်းလင်း​ပြောကြားပါသည်​။

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအခြေခံသင်တန်းဖွင့်လှစ်ခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၁၈။ဇန်နဝါရီ ၊၁၈ လူမှုဝန်ထမ်းဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှကြီးမှူး၍ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအခြေခံသင်တန်းအား (၁၇.၁.၂၀၁၈)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ရာရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊တိုင်းဒေသကြီးဦးစီးမှူးဒေါက်တာကေသီကျော်နှင့်တာဝန်ရှိ ၀န်ထမ်းများမှကြည့်မြင်တိုင်မြို့နယ်ရှိရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် များအား ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပြီး

UEHRD ပြည်ထောင်စုစီမံကိန်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား နော်ဝေနိုင်ငံအမတ်ကြီးနှင့် UNDP တို့က သီးခြားစီလာရောက်တွေ့ဆုံ

နေပြည်တော်၊၂၀၁၈၊ဇန်နဝါရီ ၊ ၁၈ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အားနော်ဝေနိုင်ငံ သံအမတ်ကြီး H.E Ms .Tone Tinnesနှင့်ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP )မှ Country Directorဖြစ်သူ Mr. Peter Batchelorတို့က (၁၇.၁.၂၀၁၈)ရက်နေ့ ၊နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီလာရောက်တွေ့ဆုံပါသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ သတ္တမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊၂၀၁၈၊ ဇန်နဝါရီ ၁၈ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏သတ္တမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်နေ့ (၁၅:၃၀)နာရီက လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊အစည်းအဝေးခန်းမတွင် ကျင်းပရာ ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ ၊ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အစည်းအဝေးသည် (၇)ကြိမ်မြောက်အစည်းအဝေးဖြစ်ပြီးကော်မတီ ဖွဲ့စည်းပြီးလေးလပြည့်မြောက်ပြီဖြစ်သောကြောင့် လုပ်ဆောင်ချက်များ ကိုပြည်သူသို့ အစီရင်ခံ တင်ပြရ မှာဖြစ်ကြောင်း စုံစမ်း စစ်ဆေးရေးကော်မရှင် နှင့် အကြံပြုချက်ကော် မရှင်တို့၏ အကြံပြုချက်များကို ဆက်လက် အကောင်အထည်ဖော်ဆောင် ရွက်သွားရ မည်ဖြစ်ကြောင်း ၊ ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများ၏ သဘောထားနှင့် ခံစားမှုများကို အကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်စားရမည်ဖြစ်ကြောင်း၊

အခြေခံလူမှုဝန်ထမ်းလုပ်ငန်းသင်တန်းဖွင့်လှစ်ခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊၂၀၁၈၊ ဇန်နဝါရီ ၁၈ စစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင်၊ဗန်းမောက်မြို့နယ်တွင်အခြေခံလူမှုဝန်ထမ်းလုပ်ငန်းသင်တန်းကို(၈.၁.၂ဝ၁၈)ရက်နေ့တွင်ဗန်းမောက်မြို့နယ် ၊မြို့ တော်ခန်းမ၌ သင်တန်းသား (၃ဝ)ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ တိုင်းဦးစီးမှူး မှအဖွင့်အမှာစ ကားပြောကြားခဲ့ပါသည်။