ရန်ကုန်၊ ၂၀၁၇၊နိုဝင်ဘာ ၁၄ ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီထောက်ပံ့ပေးရေး၊ပြန်လည်နေရာချထားရေး၊ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)၏လုပ်ငန်း များဆောင်ရွက်ရန်အတွက်(၁၁.၁၁.၂၀၁၇)ရက်နေ့တွင်မြန်မာနိုင်ငံရှိခရစ်ယာန်အသင်းတော်များနှင့်အဖွဲ့အစည်းများကလှူဒါန်းငွေကျပ် (၅၁၁၅၇၀၀၀ိ/)ကိုရန်ကုန်မြို့မြန်မာနိုင်ငံခရစ်ယာန်အသင်းအဖွဲ့ချုပ်အစည်းအဝေးခန်းမတွင်ပေးအပ်လှူဒါန်းရာခရစ်ယာန်အသင်းများမှ တာဝန်ရှိသူများကလှူဒါန်းခြင်းအကြောင်းရင်းကို ရှင်းလင်းတင်ပြပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြား ရာတွင် (UEHRD) ၏လုပ်ငန်းများကို ဆောင်ရွက်ရာ၌ လူမျိုးဘာသာအဆင့်အတန်းမရွေး ပါဝင်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ဘေးဒုက္ခရောက်သူများကို ကူညီလှူဒါန်းခြင်းသည် ဘာသာတရား အရ မွန်မြတ်ပြီး ယခုလို ပါဝင်လှူဒါန်းမှုအတွက်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားကာ ဂုဏ်ပြု မှတ်တမ်းလွှာကို ပေးအပ်ခဲ့ပါသည်။