(၁၀)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်မိန့်ခွန်းပြောကြား

နိုဝင်ဘာ ၂၁၊ ဗီယင်ကျန်းမြို့
(၁၀)ကြိမ်မြောက်အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးအဆင့်အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ၊ ဗီယင်ကျန်းမြို့ Don Chan Palace ဟိုတယ်အစည်းအဝေးခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော  မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့ကြပါသည်။

မကွေးတိုင်းဒေသကြီးအတွင်း ရှေးဦးအရွယ်ကလေးသူငယ်ကဏ္ဍဍ ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် မသန်စွမ်းသူများအား ထောက်ပံ့ခြင်းလုပ်ငန်းများ ဆောင်ရွက်

နိုဝင်ဘာ ၁၆ ၊ မကွေး
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဉက္ကဌနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများသည် ယနေ့နံနက် ပိုင်းက မကွေးတိုင်းဒေသကြီးအတွင်း ရှေးဦးအရွယ်ကလေးသူငယ်ကဏ္ဍဍ ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် မသန်စွမ်းသူများအား ထောက်ပံ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

ဒုတိယဝန်ကြီးဦးစိုးအောင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပေကျင်းမြို့ရှိ စေတနာ့ဝန်ထမ်းဝန်ဆောင်မှုဌာနနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဝန်ကြီးဌာနများသို့ သွားရောက်လေ့လာ

နိုဝင်ဘာ ၁၅၊ နေပြည်တော်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လေ့လာရေးခရီးစဉ် ဒုတိယနေ့အဖြစ် (၁၄-၁၁-၂၀၁၉) ရက်နေ့နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ Chayang ခရိုင် စေတနာ့ဝန်ထမ်းဝန်ဆောင်မှုဌာနသို့ သွားရောက်လေ့လာခဲ့ရာ ပြည်သူ့ရေးရာ ဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့် စေတနာဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက လက်ခံ တွေ့ဆုံခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး ပြည်တွင်းလူငယ် မိတ်သဟာရ အဖွဲ့ တိုင်းရင်းသား လူငယ်များ နှင့် တွေ့ဆုံပွဲ သို့ တက်ရောက်

နိုဝင်ဘာ ၁၂၊ ရန်ကုန်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မင်းဓမ္မလမ်းရှိ Myanmar Convention Centre ၌ ကျင်းပပြုလုပ်သော Internal Youth Fellowship -IYF မှ ကြီးမှူးကျင်းပသော တိုင်းရင်းသားလူငယ်များတွေ့ဆုံပွဲ သို့တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံမသန်အားကစားအဖွဲ့ချုပ်တွင် မသန်စွမ်းအားကစားသမားများနှင့်တွေ့ဆုံဆွေးနွေး


နိုဝင်ဘာ ၁၂၊ ရန်ကုန်
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမသန်စွမ်း အားကစား အဖွဲ့ချုပ်သို့ သွားရောက်ခဲ့ပါသည်။

ဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်မည့်ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှ ဘွဲ့ရတိုင်းရင်းသားလူငယ်များနှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တွေ့ဆုံ

နေပြည်တော်၊ ၆.၁၁.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ဦးစီးဌာနအသီးသီးမှတာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက ဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်ကြမည့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ( ရန်ကုန်၊ စစ်ကိုင်း)တို့မှ ပညာသင်ယူခဲ့သော ဘွဲ့ရတိုင်းရင်းသားလူငယ်များနှင့် တွေ့ဆုံခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဒီးမော့ဆိုမြို့၊ ပရဟိတကျောင်းအတွက် ထောက်ပံ့ခြင်းနှင့် ကယားပြည်နယ်ရှိ ဝန်ကြီးဌာန၏ ဝန်ထမ်းများနှင့်တွေ့ဆုံ

နေပြည်တော်၊ ၃-၁၁-၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ် ဧည့်ရိပ်သာခန်းမ၌ တောင်တန်းသာသနာပြု ဒီးမော့ဆိုမြို့မ ပရဟိတကျောင်းအတွက် အရေးပေါ် စားနပ်ရိက္ခာဖိုးငွေများထောက်ပံ့ခြင်းနှင့် ကယားပြည်နယ်အတွင်း တာဝန်ထမ်း ဆောင်နေသော ဝန်ကြီးဌာန၏ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။