အသိပေးကြေညာခြင်း

အသိပေးကြေညာခြင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများအတွက် အခွင့်အရေးများ ရရှိသေချာစေရေး ဆောင်ရွက်ပေးလျက် ရှိပြီး ၎င်းတို့၏ အခွင့်အရေးများကို ချိုးဖောက်ခံရမှုများအတွက်လည်း ဥပဒေများ၊ နည်းဥပဒေများ ရေးဆွဲပြဌာန်းပြီး ကာကွယ်စောင့်ရှောက်ပေးနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။ သို့ဖြစ်ရာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းကဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ၊ အသင်းအဖွဲ့အစည်းကဖြစ်စေ၊ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးတစ်ရပ်ရပ်ကို ချိုးဖောက်ခြင်းနှင့် စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာ နှိပ်စက်ညှင်းပန်းခြင်း၊ ကျူးလွန်မှုများအတွက် တည်ဆဲဥပဒေများအတိုင်း အရေးယူခံရမည်ဖြစ်ပါသည်။ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူများ ခန့်ထားပြီး၊ နစ်နာသူအတွက် လိုအပ်သည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကုစားမှုများ ဆောင်ရွက် ခြင်း၊ လိုအပ်ချက်အလိုက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ပြန်လည်ထူထောင်ရေးဝန်ဆောင်မှုများကို ရရှိစေရေးဆောင်ရွက်ပေးခြင်းနှင့် နစ်နာသူ အတွက် ယာယီခိုလှုံရန်နေရာများ စီစဉ်ထားရှိဆောင်ရွက်လျက်ရှိပါကြောင်း အသိပေး အပ်ပါသည်။