နားမကြားသူများ လူ့အသိုင်းအဝန်းအတွင်း ဝင်ဆန့်မှုမြှင့်တင်ရေးစီမံချက်(ဒုတိယဆင့်) အကောင်အထည်ဖော်ခြင်း

   နားမကြားသူများ လူ့အသိုင်းအဝိုင်း အတွင်း ဝင်ဆံ့မှု မြှင့်တင်ရေးအတွက် ဂျပန်နိုင်ငံ အစိုးရ ၏ ကူညီပံ့ပိုးမှုဖြင့် နားမကြားသူများ လူ့အသိုင်းအဝိုင်း အတွင်း ဝင်ဆံ့မှု မြှင့်တင်ရေး စီမံချက် (Project on Promotion of Social Participation of the Deaf Community) ဒုတိယ အဆင့်ကို Japan International Co-operation Agency (JICA Myanmar)နှင့် ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။

     စီမံချက် ပထမအဆင့် (၂၀၀၈-၂၀၁၀)တွင် မြန်မာ လက်သင်္ကေတပြ ဘာသာစကား စံသတ်မှတ်ခြင်း၊ မြန်မာ လက်သင်္ကေတပြ ဘာသာစကား အခြေခံ စကားပြောစာအုပ် ပြုစုထုတ်ဝေခြင်း၊ လက်သင်္ကေတပြ ဘာသာစကား ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများ ကျင်းပခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

     စီမံချက် ဒုတိယအဆင့် (၂၀၁၁-၂၀၁၄)တွင် မြန်မာ လက်သင်္ကေတပြ ဘာသာစကား နည်းပြသင်တန်း၊ လက်သင်္ကေတပြ ဘာသာစကား ပံ့ပိုးသူများ သင်တန်းလေ့ကျင့် သင်ကြား ပေးခြင်းဖြင့် လက်သင်္ကေတပြ ဘာသာစကား နားလည် တတ်ကျွမ်းသူများ များပြား လာမည်ဖြစ်ပြီး အကြားအာရုံ ချို့တဲ့သူများ လူ့အသိုင်း အဝိုင်းတွင်း ဝင်ဆံ့မှုအား အထောက်အကူ ပြုနိုင်မည်ဖြစ်ပါ သည်။

     စီမံချက်ရုံးအဖြစ် အမှတ်(၆၅)၊ ကျိုက်ဝိုင်း ဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ (မသန်စွမ်း သက်ငယ် သင်တန်းကျောင်းဝင်း) အတွင်းတွင် ဖွင့်လှစ်ထားပြီး နားမကြားသူ(၆)ဦး အပါအဝင် သင်တန်းသား(၈) ဦးအား နည်းပြသင်တန်း ပို့ချပေးလျက် ရှိပါသည်။ ၂၀၁၂ ခုနှစ်တွင် နားမကြား သူများနှင့် ဆက်စပ်သည့် ဌာနဆိုင်ရာ၊ အဖွဲ့အစည်းများမှ သင်တန်းသား (၂၀) ဦးအား လက်သင်္ကေတပြ ဘာသာစကား အထောက်အကူ ပြုသင်တန်းအဖြစ် (၁၈) လကြာ ဖွင့်လှစ်ပို့ချရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။