ဒုတိယဝန်ကြီး ဦးစိုးအောင်အား ကြက်ခြေနီလှုပ်ရှားမှု RedCross Movement(RCM) အဖွဲ့မှ လာရောက်တွေ့ဆုံ

နေပြည်တော်၊အောက်တိုဘာ၊ ၁၁ ရက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား ကြက်ခြေနီလှုပ်ရှားမှု Red Cross Movement(RCM)အဖွဲ့က အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့ လာရောက်တွေ့ဆုံခဲ့ပါသည်။  တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်၊မောင်တောဒေသတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နမိတ်မျဉ်းအနီး ယာယီနေထိုင်သူများအား ကြက်ခြေနီလှုပ်ရှားမှုမှ ကူညီထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်ရန် ကနဦး လေ့လာခြင်းခရီးစဉ်(ခြံစည်းရိုးကို ဖြတ်ကျော်ခြင်းမပြုဘဲ)သွားရောက်ခဲ့ပြီး တွေ့ရှိချက်များ၊ ဒုတိယအကြိမ် အသေးစိတ်ဆန်းစစ်ခြင်း လုပ်ငန်းများဆောင်ရွက်ရန်အတွက် အစီအစဉ်များ၊ နယ်နိမိတ်မျဉ်းအနီး နေထိုင်လျက်ရှိသော နေရပ်စွန့်ခွာသူများအား ထောက်ပံ့ပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များအားတင်ပြခြင်း၊ ကြက်ခြေနီလှုပ်ရှားမှုအနေဖြင့် မှန်ကန်သောချဉ်းကပ်မှုဖြင့်ဆောင်ရွက်နိုင်ရေး၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် ထောက်ပံ့သောနှုန်းထားများ တပြေးညီဖြစ်စေရေးဆိုင်ရာ ကိစ္စရပ်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter