အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း

ရှမ်းပြည်နယ်၊ ၇.၁၂.၂၀၁၈

            အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့  အထိမ်းအမှတ်  အခမ်းအနားကို  ၂၀၁၈ခုနှစ်၊ဒီဇင်ဘာလ()ရက်နေ့   နံနက်(၁၀:၀၀)နာရီတွင်  ရှမ်းပြည်နယ်(တောင်ပိုင်း)  တောင်ကြီးမြို့ ၊  ဘုရာဖြူရပ်ကွက်ရှိ သူငယ်တော်ယေဇူးမသန်စွမ်းနှင့်   မိဘမဲ့ဂေဟာ၌ကျင်းပခဲ့သည်။  ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့၀င်၊ ဗမာတိုင်းရင်းသားရေးရာ ၀န်ကြီး    ဒေါက်တာအောင်သန်းမောင်မှ    ဂုဏ်ပြုအမှာစကားပြောကြားခြင်း၊ ရှမ်းပြည်နယ်လူမှု၀န်ထမ်းရုံးမှ   တာ၀န်ရှိသူများနှင့်    Morning Star    ဉာဏ်ရည်မသန်စွမ်း အသင်းအဖွဲ့၊ ဥက္ကဌ ဒေါ်သန်းနွယ်အောင်မှ  ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏   သ၀ဏ်လွှာအားဖတ်ကြား တင်ပြခဲ့ပါသည်။

ရှေးဦးသူငယ်တော်ယေဇူးမသန်စွမ်းနှင့် မိဘမဲ့ဂေဟာ ၊ Morning Star ဉာဏ်ရည်မသန်စွမ်းကျောင်း ၊ မသန်စွမ်းကလေးများ  ၊  ကျောင်းသား/ကျောင်းသူများက  ပျော်ပွဲရွှင်ပွဲနှင့်အားကစားပြိုင်ပွဲများယှဉ်ပြိုင်ခြင်း ၊  ရှမ်းပြည်နယ်အခြေခံပညာကျောင်းမှ  အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်   စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသူများနှင့်   သူငယ်တော်ယေဇူးမသန်စွမ်းနှင့် မိဘမဲ့ဂေဟာမှ  ဘက်စုံထူချွန်မသန်စွမ်းကလေးများ အား ဗမာတိုင်းရင်းသားရေးရာ၀န်ကြီး ဒေါက်တာအောင်သန်းမောင်၊ ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ နာယက  ‌ဒေါ်နန်းရွှေမြင့်နှင့်   တာ၀န်ရှိသူတို့က   တက်ရောက်ကြည့်ရှုအားပေးပြီး  ဆုများပေးအပ်ကြသည်။  အခမ်းအနားတက်ရောက်လာသော  မသန်စွမ်းကလေးများအား   ရှမ်းပြည်နယ်မိခင်နှင့်ကလေး  စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့   နာယကဒေါ်နန်းရွှေမြင့်၊ ဥက္ကဌနှင့်အဖွဲ့၀င်များက   အာဟာရပြည့်  အစားအစာများကျွေးမွေး လှူဒါန်း သည်။  အခမ်းအနားတက်ရောက်သူဦးရေမှာ(၃၁၅)ဦးဖြစ်ကြောင်းသိရှိရပါသည်။

FacebookTwitter