ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဂျပန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

ဇန်နဝါရီလ ၁၆၊ နေပြည်တော်

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဂျပန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး H. E . Ms. Toshiko ABE ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာနရှိ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။  တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ ဂျပန်နိုင်ငံ၏ မြန်မာ နိုင်ငံဆောင်ရွက်ချက်များအပေါ်ထောက်ခံကူညီပေးမှုများ၊ ဂျပန်အစိုးရ၏ ရန်ပုံငွေ အထောက်အပံ့ဖြင့် ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂအဖွဲ့အစည်း(၆)ဖွဲ့၏ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုများ၊ နေရပ်စွန့်ခွာသူများနှင့်ပတ်သက်၍ မြန်မာအစိုးရ၏ ဆောင်ရွက်ထားရှိမှုနောက်ဆုံးအခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် နှစ်နိုင်ငံ သဘောတူညီမှုအရ ပြန်လည်လက်ခံရေးဆောင်ရွက်မည့်အခြေအနေများ၊ ဘင်္ဂလား ဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများသို့ ပြန်လည်လက်ခံရေးနှင့်ပတ်သက်သည့် Fact-Sheet သတင်းလွှာဖြန့်ဝေရန်ဆောင်ရွက်နေသည့်အခြေအနေများ၊ ဂျပန်နိုင်ငံမှ အစိုးရမဟုတ် သောအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မသန်စွမ်းသူများအပါအဝင် လူမှုဝန်ထမ်း လုပ်ငန်းများဆောင်ရွက်နေမှု၊ နှစ်ကာလကြာရှည်စွာတည်ရှိလာသည့် ရခိုင်အရေးကိစ္စ ဆောင်ရွက်ရာတွင် အခက်အခဲများစွာရှိသော်လည်း မြန်မာနိုင်ငံအစိုးရအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် မိတ်ဆွေနိုင်ငံများ၏ ပူးပေါင်းကူညီမှုဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်မည့်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြောင်း သတင်း ရရှိပါသည်။

FacebookTwitter