နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးသင်တန်းတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဟောပြောပို့ချ

မတ်လ ၁၃ ၊ နေပြည်တော်
    လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများအတွက် နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ  စွမ်းရည်မြှင့်တင်ရေးသင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စု လွှတ်တော် ဇမ္ဗူသီရိခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဦးဆောင်၍ တက်ရောက် ဟောပြော ပို့ချခဲ့ပါသည်။
စွမ်းရည်မြှင့်သင်တန်းတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ်အကောင်အထည်ဖေါ်ဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက် (၈၈)ချက်အနက် (၈၇)ချက်ကို လုပ်ငန်းစဉ်များ ချမှတ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဓိက ကဏ္ဍကြီး ၁၈ ခု ရှိပါကြောင်း၊ ယင်းအကြံပြုချက် ကဏ္ဍများအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများက ဆောင်ရွက်ရာတွင်  လက်တွေ့မြေပြင်၌ ကြုံတွေ့နေရသည့်အခက်အခဲများ၊ စိန်ခေါ်မှုများနှင့်ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပို့ချခဲ့ပါသည်။
    ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးစိုးအောင်က ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုအကူအညီ အထောက်အပံ့ပေးရေး ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်တိုးတက်မှု များနှင့်စပ်လျဉ်း၍ ကော်မတီ၏ဖွဲ့စည်းမှု၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ ငွေစာရင်းဖွင့်လှစ်ထားရှိမှု၊ ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ အာဆီယံနှင့်ဒေသတွင်းနိုင်ငံများ၏ ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများ၊ ပြန်လည်နေရာချထားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေ အနေများ၊ ကြုံတွေ့ရသည့် အခက်အခဲနှင့်စိန်ခေါ်မှုများ၊ ရှေ့ဆက် ဆောင်ရွက်သွားမည့်လုပ်ငန်း စဉ်များကို ရှင်းလင်းပို့ချခဲ့ပါသည်။
    ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည့်အချက်များကို မေးမြန်း ခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ ကြကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter