ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများအား Case Management System အကြောင်း ရှင်းလင်းဆွေးနွေးခြင်း

၁၅-၃-၂၀၁၉၊ ကရင်ပြည်နယ်

၂၀၁၉ခုနှစ်၊မတ်လ(၁၂)ရက်နေ့၊ ညနေ(၆)နာရီတွင် တော်ဝင်ရတနာဟိုတယ်၌ ကရင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် Equality Myanmar, LRC အဖွဲ့တို့အား ကရင်ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးမှ လူမှုဝန်ထမ်းဦးစီးဌာန၏ ကရင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော Case Management System ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးဦးစီး၏ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအထူးပြုဆွေးနွေး ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် တာဝန်ရှိသူတစ်ဦးမှ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများမှ သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။