အရေးပေါ်ကာလအတွင်း ထိခိုက်လွယ်သော ရွှေ့ပြောင်းသွားလာသူများအား ကာကွယ် စောင့်ရှောက်မှုမြှင့်တင်ရေးဆိုင်ရာသင်တန်းဖွင့်လှစ်ခြင်း

နေပြည်တော်၊ ဧပြီ ၂
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာနနှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM(မြန်မာ) တို့ ပူးပေါင်း၍ “ဘေးအန္တရာယ်ကျရောက်ချိန်တွင် ထိခိုက်လွယ်သော ရွှေ့ပြောင်းသွားလာသူ များအား ကာကွယ်စောင့်ရှောက်မှုမြှင့်တင်ရေးဆိုင်ရာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းဇော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဒုတိယညွှန်ကြား ရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင်  ရွှေ့ပြောင်းသွားလာနေထိုင်သူများသည် ၎င်းတို့ ရောက်ရှိနေကြသော လက်ခံနိုင်ငံများတွင် ဘေးအန္တရာယ်များကျရောက်ချိန်တွင် ထိခိုက် နစ်နာမှုများခံစားခဲ့ရပါကြောင်း၊ ရွေ့ပြောင်းသွားလာသူများအနေဖြင့် ၎င်းတို့ရောက်ရှိနေသည့် နိုင်ငံ၏ ကူညီကယ်ဆယ်ရေးဆိုင်ရာ ယန္တရားများနှင့် ယင်းတို့ကို အသုံးပြုနိုင်မည့် နည်းလမ်းများ နှင့်စပ်လျဉ်း၍ ဗဟုသုတနည်းပါးမှု၊ အန္တရာယ်ကျရောက်နေသည့်နေရာများမှ ကူညီကယ်ဆယ် ပေးမည့် လူသားအရင်းအမြစ် မလုံလောက်မှုများနှင့် ဘေးကင်းရာနေရာသို့ စိုးရိမ်ကြောင့်ကြမှု ကင်းစွာ ရွှေ့ပြောင်းသွားလာနိုင်ရေးအတွက် အခက်အခဲများ ရင်ဆိုင်နေရကြောင်း၊ ထိုကဲ့သို့ မြန်မာနိုင်ငံသားရွှေ့ပြောင်းသွားလာနေထိုင်သူများ၏ ထိခိုက်နစ်နာမှုများကို တတ်နိုင်သမျှ လျှော့ချနိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေး၊ တုန့်ပြန်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်များကို ရေးဆွဲဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးပွဲများ၊ စွမ်းဆောင် ရည်မြှင့်တင်ရေး သင်တန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုတက်ရောက်လာသည့် သင်တန်းသား/သူ များသည် ရွှေ့ပြောင်းသွားလာသူများ၏အရေးကိစ္စများကို နှီးနွယ်ဆက်စပ်နေသည့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများဖြစ်သည်နှင့်အညီ သင်တန်းကာလအတွင်း သင်တန်းနည်းပြများ၏ သင်ကြားပို့ချချက်များအား မိမိတို့၏ မူလပင်မတာဝန်များနှင့် ဆက်စပ်၍ ရွှေ့ပြောင်းသွားလာ နေထိုင်သူများ၏ အကောင်းဆုံးအကျိုးစီးပွားကို ဆောင်ရွက်နိုင်ရေးအတွက် ထိရောက်သည့် အကြံဉာဏ်များနှင့် လက်ရှိဆောင်ရွက်နေသည့်နည်းလမ်းများအပြင် ထပ်မံ၍ ထိထိရောက်ရောက် ဆောင်ရွက်နိုင်သည့် နည်းလမ်းများရှိပါကလည်း ရင်းနှီးပွင့်လင်းစွာဖြင့် တက်တက်ကြွကြွ ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။
    အဆိုပါသင်တန်းကို ၂၀၁၉ခုနှစ်၊ ဧပြီလ(၂)ရက်နေ့မှ (၃)ရက်နေ့အထိ (၂)ရက်တာ ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ သင်တန်းသား/သူ စုစုပေါင်း (၂၃)ဦးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

FacebookTwitter