လူမှုဝန်ထမ်းဉီးစီးဌာနနှင့် Plan International Myanmar တို့ပူးပေါင်း၍ Online Child Protection Incident Reporting System အတွက် ပံ့ပိုးမှုပစ္စည်းများ လွှဲပြောင်းလက်ခံ ရယူခြင်းအခမ်းအနား

၁၀.၄.၂၀၁၉၊ နေပြည်တော်
    လူမှုဝန်ထမ်းဉီးစီးဌာနနှင့် Plan International Myanmar တို့ပူးပေါင်း၍ Online Child Protection Incident Reporting System အတွက် ပံ့ပိုးမှုပစ္စည်းများ လွှဲပြောင်းလက်ခံ ရယူခြင်းအခမ်းအနားကို (၁၀.၄.၂၀၁၉)ရက်နေ့၊ နံနက်(၁း၃၀)နာရီတွင် လူမှုဝန်ထမ်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။
    အဆိုပါအခမ်းအနားတွင် လူမှုဝန်ထမ်းဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး Plan International Myanmar မှ မန္တလေးတိုင်းဒေသကြီး၊ညောင်ဉီးခရိုင်၊ ညောင်ဉီးမြို့နယ် တွင် ရှေ့ပြေးဆောင်ရွက်မည့် Online Child Protection Incident Reporting System အတွက် ပံ့ပိုးမှုပစ္စည်းများအားလွှဲပြောင်းလက်ခံပြီး ဆောင်ရွက်မည့် Online Child Protection Incident Reporting System အတွက် နည်းပညာပိုင်းဆိုင်ရာအချက်အလက်များအား ဆွေးနွေးခြင်း၊ အကြံပြုချက်များ အားတင်ပြခြင်းနှင့် အထွေထွေဆွေးနွေးမှုများ ဆွေးနွေးခဲ့ပြီး အခမ်းအနားကို နေ့လည် (၁၂:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

FacebookTwitter