ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား ကုလသမဂ္ဂယာယီဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး က လာရောက်တွေ့ဆုံ

 နေပြည်တော်၊ ၁၉.၄.၂၀၁၉
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ကုလသမဂ္ဂယာယီဌာနေကိုယ်စားလှယ်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Knut Ostby က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၏ မေခလာခန်းမ၌လာရောက်တွေ့ဆုံပါသည်။
    တွေ့ဆုံရာတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်ထားသည့် IDP စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာအား မကြာမီ အတည်ပြုနိုင်တော့မည် အခြေအနေများ၊ အဆိုပါ မဟာဗျူဟာအား အတည်ပြုပြီးနောက် ဒေသအလိုက်လုပ်ငန်းစီမံချက်များရေးဆွဲ အကောင် အထည်ဖော်နိုင်မည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများထိရောက်စွာပေးအပ်နိုင်ရေး ပြည်ထောင်စုအဆင့်နှင့်ပြည်နယ်အစိုးရအဖွဲ့ ညှိနှိုင်း ဆောင်ရွက်နေမှုများ၊ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များတွင် အာဆီယံနိုင်ငံ များ မှ ပါဝင်ဆောင်ရွက်နေမှု လက်ရှိအချိန်ထိ အခြေအနေများ၊ ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ် မြောက်ပိုင်းတို့ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ များနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အကူအညီများ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက် နေမှုများနှင့် သက်ဆိုင်ရာ လူမှုရေးအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ အနေ ဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိ ရပါသည်။

FacebookTwitter