ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ၁၁-၆-၂၀၁၉
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E Mr. Saurabh Kumar အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံပါသည်။
    တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ အကြားနားလည်မှုစာချွန်လွှာရေးထိုးခဲ့ပြီးနောက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ(၅)သန်းနှုန်းဖြင့် ၅နှစ် တာကာလအတွင်း အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ (၂၅)သန်းကူညီသွားမည့် အခြေအနေများ၊ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရွှေဇားကျေးရွာတွင် အိမ်အလုံးရေ (၁၄၈)လုံး၊ နံသာတောင်ကျေးရွာတွင် (၄၂)လုံး၊ ကြိမ်ချောင်းတောင်ကျေးရွာတွင် (၆၀)လုံး၊ စုစုပေါင်း အလုံးရေ(၂၅၀)လုံးအား တည်ဆောက်လျက်ရှိရာ မကြာမီပြီးစီးတော့မည် ဖြစ်သဖြင့် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်နိုင်ရေးကိစ္စရပ်များ၊ အဆိုပါ ကျေးရွာများတွင် သောက်သုံးရေ၊ လျှပ်စစ်မီးစသောအခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဆိုင်ရာကိစ္စရပ် များ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်အောက်တွင် မြန်မာနိုင်ငံဘက်မှ ကနဦးအဆိုပြုထား သော စီမံချက်(၂၂)ခုအား အတည်ပြုနိုင်ရေးအကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ဆက်လက်၍ မြန်မာနိုင်ငံရှိ ဒေသများတွင် ခြေတု၊ လက်တု လိုအပ်နေသူများအား ပံ့ပိုးပေးနိုင်ရေး တွင် အိန္ဒိယနိုင်ငံအစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြပါသည်။

FacebookTwitter