ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ၁၂-၆-၂၀၁၉
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး H.E. Ms. Tone Tinnes ဦးဆောင်သောအဖွဲ့က ယနေ့ နေ့လည်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန၊ မေခလာ ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် နော်ဝေနိုင်ငံ၊ အော်စလိုမြို့၌ ကျင်းပခဲ့သော ပဋိပက္ခများအတွင်း လိင်အကြမ်းဖက်မှု အဆုံးသတ်ရေး နိုင်ငံတကာညီလာခံအား တက်ရောက်ခဲ့ပြီးနောက် ဆက်လက် အကောင်အထည်ဖေါ် ဆောင်ရွက်သွားမည့် ကိစ္စများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ ရေးဆွဲဆောင်ရွက်မှု နောက်ဆုံးအခြေအနေများ၊ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေငြာချက် (Joint Communiqe) အား ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပြီးနောက် လုပ်ငန်းစီမံချက် ရေးဆွဲ၍ အကောင်အထည်ဖေါ် ဆောင်ရွက်မည့် အခြေအနေများ၊ မြေမြှပ်မိုင်း တားဆီးရေးစာချုပ်တွင် နော်ဝေနိုင်ငံမှ ဥက္ကဌအဖြစ်ဆောင်ရွက်နေမှုများနှင့် Mine Action Centre နှင့်ပတ်သက်၍ ထိုင်းနိုင်ငံသို့ လေ့လာရေးခရီးစဉ်သွားရောက်နိုင်ရေး၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပါဝင်တက်ရောက်နိုင်ရေးကိစ္စရပ်များ၊ မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းများ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်နေမှုများ၊ မြေမြှပ်မိုင်းကိစ္စများနှင့် ပတ်သက်၍ စက်တင်ဘာလအတွင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

FacebookTwitter