နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးကော်မတီ၏ (၁/၂၀၁၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၂၅.၆.၂၀၁၉
    နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးကော်မတီ၏ (၁/ ၂၀၁၉)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ၊ ကော်မတီဒုတိယဥက္ကဌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်တင်၊ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ ဥက္ကဌ၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ ပူးတွဲ ဥက္ကဌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
    ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၁၉ခုနှစ်အတွင်း ပထမ အကြိမ်ကျင်းပပြုလုပ်သည့် အစည်းအဝေးဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၁၈ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် လုပ်ငန်းများဆောင်ရွက်ခဲ့မှုအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးပေးစေလိုပါကြောင်း၊ ဆက်လက်၍ ဖြည့်စွက်ဆောင်ရွက်ရမည့်လုပ်ငန်းများလည်း ရှိပါကြောင်း၊ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအားလုံးသည့် UEHRD ကော်မတီနှင့် ဆက်စပ် ဆောင်ရွက်နေရသည့်လုပ်ငန်းများဖြစ်ပါကြောင်း၊ UEHRD ကော်မတီ၏ လုပ်ငန်းတာဝန်များ ဖြစ်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ထိထိရောက်ရောက် ပေးအပ် ရေး၊ ပြန်လည်နေရာချထားရေးနှင့်ပြန်လည်ထူထောင်ရေးကိစ္စများအတွက် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးရေးအတွက် ဆောင်ရွက်ရေးစသည့် အချက်များနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ UEHRD ကော်မတီ၏ Task Forces (၁၀)ဖွဲ့နှင့်လည်း လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင်အထည်ဖေါ်ရေးကော်မတီ၏ လုပ်ငန်းကော်မတီ(၄)ရပ်ဖြင့်လည်း ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ပြန်လည်လက်ခံရေးကိစ္စများနှင့်ပတ်သက်၍ ASEAN-EARTနှင့် AHA Centre အဖွဲ့မှ တာဝန်ရှိသူ များ လာရောက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြန်လည်လက်ခံရေးကိစ္စရပ်များတွင်  ပူးပေါင်းဆောင်ရွက်ရေးကနဦးလေ့လာဆန်းစစ်ချက်ကိုဆောင်ရွက်ခဲ့ပါကြောင်း၊ လက်ခံရေးစခန်း များနှင့် ကြားစခန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသူများအတွက် စွမ်းဆောင်ရည်မြှင့် သင်တန်းများပေးရေး၊ နည်းပညာအကူအညီများပံ့ပိုးရေး၊သတင်းဖြန့်ချိရေး၊ ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ရရှိရေးစသည့် ကဏ္ဍများတွင် အာဆီယံ နိုင်ငံများက ပူးပေါင်းကူညီဆောင်ရွက်ရေးတို့ကို ရှေ့လုပ်ငန်းစဉ်များအဖြစ် သတ်မှတ် အကောင်အထည်ဖေါ်ကြမည်ဖြစ်ပါကြောင်း၊ ပြန်လည်နေရာချထားရေးကိစ္စတွင် လက်ရှိဖြစ်ပေါ် နေသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် တိုင်းရင်းသားများအတွက်လည်း မိုးရာသီအမီ တိုက်ပွဲရှောင်စခန်းများအား ပြည်နယ်အစိုးရန်ပုံငွေနှင့် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေတို့ဖြင့် ဆောင်ရွက်ပေးနေကြောင်း၊ နေရပ်စွန့်ခွာသူများအား ပြန်လည် နေရာချထားရေးနှင့်ပတ်သက်၍ IDPစခန်းများပိတ်သိမ်းရေး၊ အမျိုးသားအဆင့်မဟာဗျူဟာ ရေးဆွဲပြီးဖြစ်၍ အကောင်အထည်ဖေါ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို စနစ်တကျရေးဆွဲရ မည်ဖြစ်ကြောင်း၊ ဆောင်ရွက်ပြီးစီးခဲ့သည့်လုပ်ငန်းများ ပြန်လည်ဆန်းစစ်ရန်နှင့် ယနေ့အစည်း အဝေးကဆွေးနွေးဆုံဖြတ်ချက်များကို တာဝန်ယူ၍ ဆက်လက်ဆောင်ရွက်ကြပါရန် ပြောကြား ခဲ့ပါသည်။
    ဆက်လက်၍ ကော်မတီဒုတိယဥက္ကဋ္ဌ၊ လုပ်ငန်းကော်မတီဥက္ကဌများ၊ ပူးတွဲဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက မောင်တောခရိုင်အတွင်း ပြန်လည်နေရာချထားပေးမည့် အစီ အစဉ်များ၊ ဆောက်လုပ်ထားသောပြန်လည်လက်ခံရေး စခန်းများကို ထိန်းသိမ်းထားရှိမှု အခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်- မြန်မာ နှစ်နိုင်ငံသဘောတူညီချက်များအတိုင်း စိစစ်၍ ပြန်လည်လက်ခံဆောင်ရွက်မည့် အခြေအနေများ၊ IDP စခန်းများပိတ်သိမ်းဆောင်ရွက်မည့် အခြေ အနေများ၊ လက်ရှိဖြစ်ပေါ်နေသော တိုက်ပွဲရှောင် ပြည်သူများအတွက် ပြန်လည်နေရာချ ထားပေးရမည့်ကိစ္စရပ်များ၊ ASEAN-EART Teamနှင့် AHA Center တို့နှင့် လက်တွေ့ ပူးပေါင်း ဆောင်ရွက်မည့်အခြေအနေတို့ကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ပေးခဲ့ကြောင်းသိရှိရပါသည်။

FacebookTwitter