လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် အား UNFPA မှ ကိုယ်စားလှယ်နှင့် အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော်၊ ဇွန်(၁၄)ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် အား UNFPA မှ ဌာနေ ကိုယ်စားလှယ် Ms. Janet Jackson ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဇွန်လ (၁၄)ရက်နေ့ နံနက် လာရောက်တွေ့ဆုံပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနနှင့် UNFPA တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကျား/မ တန်းတူညီမျှ ရှိရေးအတွက် အသိပညာပေးမှုများ၊ မျိုးဆက်ပွား ကျန်းမာရေး၊ ဘဝတွက်တာ ကျွမ်းကျင်စရာ ဆောင်ရွက်ချက်များ၊ အမျိုးသမီးများ စွမ်းဆောင်ရည် မြင့်မားရေး ဆောင်ရွက်ချက်များ အစီရင်ခံစာကို ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ တင်သွင်းနိုင်ရေး ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

FacebookTwitter