လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဖွင့်လှစ်ပို့ချသော လက်သင်္ကေတပြ ဘာသာစကား သင်ကြားရေးနည်းစနစ်များ (အဆင့်မြင့်)သို့ သွားရောက် ခဲ့သည့်လေ့လာရေးခရီးစဉ်

p>      လူမှုဝန်ထမ်းဦးစီးဌာနသည်ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအဖွဲ့နှင့်ပူးပေါင်း၍လူမှုဝန်ထမ်းလုပ်ငန်းရပ်များစီမံခန့်ခွဲမှုဆိုင်ရာ အထောက်အကူပြုစီမံကိန်းအောက်ရှိနားမကြားသူများလူ့အသိုင်းအဝန်းအတွင်းဝင်ဆန့်မှုမြှင့်တင်ရေးစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပါသည်။

 

      အဆိုပါစီမံချက်၏အစိတ်အပိုင်းတစ်ခုအဖြစ်လူမှုဝန်ထမ်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်သည်ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏စီစဉ်ပံ့ပိုးမှုဖြင့် (၂၅.၆.၂၀၁၂) မှ (၂၈.၆.၂၀၁၂) ရက်နေ့အထိဂျပန်နိုင်ငံ၊တိုကျိုမြို့သို့လေ့လာရေးခရီးသွားရောက်ခဲ့ပါသည်။

      အဆိုပါအစီအစဉ်တွှင်ညွှန်ကြားရေးမှူးချုပ်သည်ဂျပန်နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှု အဖွဲ့၏တိုကျိုနိုင်ငံတကာသင်တန်းဌာန၊တိုကျိုမြို့ရှိနားမကြားနှင့်မျက်မမြင်ကျောင်းများ၊အင်အိပ်ချ်ကေ(NHK)အသံလွှင့်ဌာန၏ Sign Language ဖြင့်သတင်းထုတ်လွှင့်မှုအစီအစဉ်၊ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ရုံးချုပ်သို့သွှားရောက်၍အဆာဟိရှင်ဘွန်းသတင်းစာနှင့် တွေ့ဆုံခြင်း၊ဂျပန်နိုင်ငံအမျိုးသားအဆင့်မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးဌာနစသည့်နေရာတို့ကိုသွားရောက်၍မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့်နည်းစနစ်အသစ်များကိုလေ့လာခဲ့ပါသည်။

FacebookTwitter