သက်ကြီးရွယ်အိုစောင့်ရှောက်မှုလုပ်ငန်းများ၊သက်ကြီးရွယ်အိုများအတွက်ပြဌာန်းထားသောဥပဒေ၊ နည်းဥပဒေများနှင့်သက်ကြီးလူမှုရေးပင်စင်အစီအစဉ်များရှင်းလင်းခြင်း

ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၈၊ဇန်နဝါရီ ၁၇ မြန်မာနိုင်ငံဆေးပညာရှင်များအဖွဲ့မှ(၁၃.၁.၂၀၁၈)ရက်နေ့၌ကြီးမှူး ကျင်းပသည့် Symposium on Active Ageing and Geriatric Care Myanmar Perspectives အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ တိုင်းဒေသကြီးဦးစီးမှူးဒေါက်တာကေသီကျော် မှမြန်မာနိုင်ငံနှင့် နိုင်ငံတကာ တွင်ဆောင်ရွက်လျက်ရှိသော သက်ကြီးရွယ်အိုစောင့်ရှောက်မှုလုပ်ငန်းများ အကြောင်းကို လည်းကောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာန(ရုံးချုပ်) မှ ညွှန်ကြားရေမှူး ဦးကျော်လင်းထင်မှ သက်ကြီးရွယ်အိုများ အတွက်ပြဌာန်းထားသောဥပဒေ၊ နည်းဥပဒေများအကြောင်း၊ သက်ကြီးလူမှုရေးပင်စင်အစီ အစဉ်ကိုလည်းကောင်းအသီးသီးရှင်းလင်းတင်ပြ

ရပ်ရွာအခြေပြုစက်ချုပ်အခြေခံပညာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊၂၀၁၈၊ဇန်နဝါရီ ၁၇ စစ်ကိုင်းတိုင်းဒေသကြီးမုံရွာခရိုင်၊မုံရွာမြို့နယ်၊ကြာပိုင်ကျေးရွာတွင်ရပ်ရွာအခြေပြုစက်ချုပ်အခြေခံပညာသင်တန်းကိုသင်တန်းသား(၂၁)ဦးဖွင့်လှစ်ခဲ့ ရာ သင်တန်းဆင်းပွဲအခမ်းးအနားကို (၁၃-၁-၂ဝ၁၈) ရက်နေ့၊ နံနက်(၁ဝးဝဝ)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး

ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းကျင်းပခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊၊ ၂၀၁၈၊ဇန်နဝါရီ ၁၆ စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ဗန်းမောက်မြို့နယ်၊ပင်ဟင်းခါးကျေးရွာတွင်ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ် ကုသရေးနှင့်ပြန်လည် ထူထောင်ရေး သင်တန်းကို သင်တန်းသား (၃၆)ဦးဖြင့် ယင်းကျေးရွာဓမ္မာရုံ၌ သင်တန်း ဖွင့်ပွဲအခမ်းအနားကို (၇.၁.၂ဝ၁၈) ရက်နေ့၊နံနက်(၁ဝးဝဝ) နာရီတွင် ကျင်းပပြု လုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ တိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့

မြန်မာနိုင်ငံရှိ ကျား၊ မ အခြေုပြုု အကြမ်းဖက်မှု ခံစားနေရသည့် မိန်းကလေးငယ်များ၊ အမျိုးသမီးငယ်များ၏ လက်ရှိ အခြေအနေ ဆန်းစစ်လေ့လာသည့် သုတေသနတွေ့ရှိချက်များအား ရှင်းလင်းတင်ပြသည့် အလုပ်ရုံ ဆွေးနွေးပွဲကျင်းပခြင်း

နေပြည်တော်၊၂၀၁၈ ၊ဇန်နဝါရီ ၁၆ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် Korea Women’s Development Institute (KWDI) တို့ ပူးပေါင်းပြုလုပ်ခဲ့သောမြန်မာနိုင်ငံရှိ ကျား၊မအခြေုပြုုအကြမ်းဖက်မှုခံစားနေရသည့် မိန်းကလေးငယ်များ၊ အမျိုးသမီးငယ်များ၏ လက်ရှိအခြေအနေ ဆန်းစစ်လေ့လာသည့် သုတေသနတွေ့ရှိချက်များအား ရှင်းလင်းတင်ပြသည့် အလုပ်ရုံ ဆွေးနွေးပွဲကို (၂၇-၁၂-၂၀၁၇)ရက်နေ့၊ နံနက် ( ၈ : ၃၀)တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Gender Budgeting အစည်းအဝေးကျင်းပခြင်း

နေပြည်တော်၊၂၀၁၈ ၊ ဇန်နဝါရီ ၁၆ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်၍ Gender Budgeting အစည်းအဝေးကို လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၁၈ခုနှစ် ၊ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ကျား၊မရေးရာ ကဏ္ဍများနှင့် ပတ်သက်၍ အဓိကဆောင်ရွက်ပေးမည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျုဟာစီမံကိန်းအကောင်အထည်ဖော်ဆောင် ရွက်မည့်နည်း ပညာဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း(၄၀)ဦးခန့် တက်ရောက်ကြပါသည်။

စခန်းနှင့်ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသခြင်းနှင့်ပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ်(၅၂/၂၀၁၈) ဖွင့်လှစ်ခြင်း

ရှမ်းပြည်နယ်၊၂၀၁၈၊ ဇန်နဝါရီ ၁၆ လူမှုဝန်ထမ်းဦးစီးဌာန၊ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးလက်အောက်ရှိလားရှိုးပြန်ထူစခန်းတွင်စခန်းနှင့်ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်ကု သခြင်းနှင့်ပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၅၂/၂၀၁၈)ဖွင့်လှစ်ခြင်းအခမ်းအနားကို(၁၅.၁.၂၀၁၈)ရက်နေ့၌သင်တန်းသား(၂၅)ဦးဖြင့် စတင်ဖွင့်လှစ်ကျင်းပခဲ့ရာရာရှမ်းပြည်နယ်အစိုးရအဖွဲ့၊ဗမာတိုင်းရင်းသားဝန်ကြီးဒေါက်တာအောင်သန်းမောင်၊ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး မှပြည်နယ်ဦးစီးမှူးဦးထွန်းဦး၊လားရှိုးခရိုင်လူမှုဝန်ထမ်းရုံးမှခရိုင်ဦးစီးမှူးဒေါ်အေးအေးမြင့်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

ဂဟေဆက်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

မွန်ပြည်နယ်၊၂၀၁၈၊ဇန်နဝါရီ ၁၆ လူမှုဝန်ထမ်းဦးစီးဌာန၊မော်လမြိုင်လူငယ်သင်တန်းကျောင်း၌(၁၅.၁.၂၀၁၈)ရက်နေ့တွင်ဂဟေဆက်သင်တန်းဖွင့်ပွဲ အခမ်းအနားကိုကျင်းပပြုလုပ်ရာ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ပြည်နယ်ဦးစီးမှူးတက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

UEHRD၏စေတနာ့ဝန်ထမ်းလူငယ်အစီအစဉ်(စတုတ္ထအဖွဲ့)အတွက် လုပ်ငန်းခွင်အကြိုသင်တန်းဖွင့်လှစ်ခြင်း

ရန်ကုန်၊၂၀၁၈၊ဇန်နဝါရီ ၁၆ ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ပြန်လည်နေရာချထားရေး၊ဖွံ့ဖြိုးရေးပြည်ထောင်စု စီမံကိန်း (Union Enterprise for Humanitarian Assistance,Resettlement and Developmentin Rakhine UEHRD)၏စေတနာ့ဝန်ထမ်း လူငယ်အစီအစဉ်(စတုတ္ထအဖွဲ့)တွင်ပါဝင်ကြမည့်စေတနာ့ဝန်ထမ်းလူငယ်များအတွက်လုပ်ငန်းခွင်အကြိုသင်တန်းအား(၁၄.၁.၂၀၁၈)နေ့၊ နံနက်ပိုင်းတွင်ရန်ကုန်မြို့သံလွင်လမ်းရှိလူမှုဝန်ထမ်းဦးစီးဌာန၊အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ လူငယ်ထုပါဝင်သည့်စေတနာ့ဝန်ထမ်းလူငယ်အစီအစဉ်၏ပထမအကြိမ်သင်တန်းကို(၅၁၁၂၀၁၇)နေ့မှ(၂၄၁၁၂၀၁၇)နေ့အထိလည်းကောင်း၊ ဒုတိယအကြိမ်သင်တန်းကို(၂၄-၁၁-၂၀၁၇) နေ့မှ (၁၃-၁၂-၂၀၁၇)နေ့အထိလည်းကောင်း၊ တတိယအကြိမ်သင်တန်းကို (၁၆-၁၂-၂၀၁၇)နေ့မှ (၄-၁-၂၀၁၈)နေ့အထိလည်းကောင်း အောင်မြင်စွာဆောင်ရွက်ခဲ့ပါသည်။

မိသားစုပြန်လည်ပေါင်းစည်းဆောင်ရွက်ပေးခြင်း

မွန်ပြည်နယ်၊၂၀၁၈၊ဇန်နဝါရီ ၁၂ အသက်(၁၆)နှစ်အရွယ်ပလောင်အမျိုးသမီးငယ်တစ်ဦးကိုရှမ်းပြည်နယ်မြောက်ပိုင်းနမ့်စမ်မြို့နယ်မှအဘွားဖြစ်သူထံသိုမိသားစုပြန်လည်ပေါင်း စည်းခြင်းကို မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၌(၁၁.၁.၂၀၁၈)ရက်နေ့တွင်ပအိုပ်တိုင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့်မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး ၊ပြည်နယ်ဦးစီးမှူးတို့မှ ဆောင်ရွက်ပေးခဲ့

လက်ဆောင်ပစ္စည်းပေးအပ်ခြင်းနှင့်အားပေးစကားေပြောကြားခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၁၈၊ဇန်နဝါရီ ၁၂ သာသနာရေးဦးစီးဌာနမှတစ်ဆင့်တရုတ်ဘုန်းတော်ကြီးMr.HuiMinမှလူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိဌာနငယ်/သင်တန်းကျောင်းများ ၌ပြုစုစောင့်ရှောက်လျက်ရှိသောမသန်စွမ်းကလေးများအမျိုးသမီးလေးများ၊လူငယ်များအားလက်ဆောင်ပစ္စည်းပေးအပ်ခြင်းနှင့်အားပေး စကားပြောကြားခြင်းအခမ်းအနားကိုလူမှုဝန်ထမ်းဦးစီးဌာန၊မသန်စွမ်းသက်ငယ်သင်တန်းကျောင်းတွင်(၈.၁.၂၀၁၈) ရက်နေ့၌ကျင်းပပြုလုပ်ရာ