ထူးချွန်မသန်စွမ်းလူငယ်များနှင့် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/သူများအား ဂုဏ်ပြုပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ဆုတံဆိပ်များပေးအပ်ချီးမြင့်

ရန်ကုန်၊ ၇.၁၁.၂၀၁၈ ထူးချွန် မသန်စွမ်းလူငယ်များနှင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/သူ များအားဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီးက တာဝန်ပြီးဆုံး၍ လာရောက်နှုတ်ဆက်

နေပြည်တော် ၊၂၀၁၈၊ဇန်နဝါရီ ၉ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားမြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E Mr. Mohammad Suffiur Rahman က(၈.၁.၂၀၁၈) ရက်နေ့၊ နေ့လည်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။

စခန်းအခြေပြု မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

မန္တလေးတိုင်းဒေသကြီး၊ ၂၀၁၈၊ ဇန်နဝါရီ ၈ လူမှုဝန်ထမ်းဦးစီးဌာန၊မန္တလေးပြန်လည်ထူထောင်ရေးစခန်းတွင်(၈.၁.၂၀၁၈)ရက်နေ့၊နံနက်(၁၀း၀၀)နာရီ၌စခန်းအခြေပြုမူးယစ်ဆေးဖြတ်ပြီးသူ များပြန်လည်ထူထောင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာမန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊တိုင်းဒေသကြီးဦးစီးမှူးဦးကျော်ဝင်းနှင့် ဌာနငယ်/သင်တန်းကျောင်းများမှတာဝန်ရှိသူများ၊စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးအသင်း(ဗဟို)မှတာဝန်ရှိသူများတက်ရောက်ကြပြီး

နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပခြင်း

မန္တလေးတိုင်းဒေသကြီး၊၂၀၁၈၊ဇန်နဝါရီ ၈ လူမှုဝန်ထမ်းဦးစီးဌာန၊လူငယ်သင်တန်းကျောင်း၊မန္တလေးမြို့၏နှစ်(၇၀)ပြည့်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲကို(၄.၁.၂၀၁၈) ရက်နေ့၊နံနက်(၉း၃၀)နာရီတွင်ကျောင်းခန်းမတွင်ကျင်းပပြုလုပ်ခဲ့ရာတိုင်းဒေသကြီးဦးစီးမှူးးညွှန်ကြားရေးမှူးးဦးကျော်ဝင်းနှင့်ဌာနငယ် သင်တန်းကျောင်းများများမှတာဝန်ခံအရာရှိများနှင့်ကျောင်းအုပ်များတက်ရောက်အားပေးခဲ့ကြပါသည်။

ကဗျာရွတ်ဆိုစွမ်းရည်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့် တေးသီချင်းများဖြင့်သီဆိုဖျော်ဖြေခြင်း

ရန်ကုန်တိုင်းဒေသကြီး ၊ ၂၀၁၈၊ဇန်နဝါရီ ၈ (၆.၁.၂၀၁၈)ရက်နေ့တွင်ရန်ကုန်တိုင်းဒေသကြီး၊ဗိုလ်တထောင်မြို့နယ်၊အမှတ်(၆)၊အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပပြုလုပ်သော ကလေးစာပေပွဲတော်တွင်လူမှုဝန်ထမ်းဦးစီးဌာန၊ကြည့်မြင်တိုင်မျက်မမြင်ကျောင်း၊ရန်ကုန်မြို့မှကျောင်းသား/ကျောင်းသူကလေးများမှကဗျာရွတ်ဆို စွမ်းရည်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့်

UEHRD လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာ သူများအတွက် ပြန်လည်နေရာချထားရန် စီစဉ်ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၁၈ ၊ဇန်နဝါရီ ၈ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သောအကြမ်းဖက်ဖြစ်စဉ်များကြောင့်ခေတ္တနေရပ်စွန့်ခွာပြည်သူများအတွက်UEHRDပြည်ထောင်စုစီမံကိန်း၏ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည့် ပြန်လည် နေရာချထားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နေအိမ်များဆောက်လုပ်မှု မပြီးပြတ်သေးချိန်၌ ယာယီနေထိုင်နိုင်ရေးအတွက်လေမိုးဒဏ်ခံယာယီအဆောက်အဦများကိုအသင့်ပြင်ဆင်ထားရှိရန်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနက စီစဉ်လျက်ရှိပါသည်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား နယ်သာလန်နိုင်ငံ၊ နိုင်ငံခြားကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E Mrs. Sigeid Kaag ဦးဆောင်သောအဖွဲ့ လာရောက်တွေ့ဆုံ

ရန်ကုန်၊ ၇.၁၁.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား နယ်သာလန်နိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E Mrs. Sigeid Kaag နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီး H.E Mr. Wouter Jurgens တို့က ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ လာရောက်တွေ့ဆုံ ခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လည်ဝင်ရောက်လာမည့်သူများပြန်လည်လက်ခံရေးအစီအစဉ်များနှင့်UEHRDစီမံကိန်းတွင် ကုလသမဂ္ဂအဖွဲ့များပါဝင်ဆောင်ရွက်နိုင်ရေးပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနှင့်UNRC/HCတို့သီးခြားတွေ့ဆုံ

နေပြည်တော်၊၂၀၁၈၊ဇန်နဝါရီ ၈ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး အားမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးH.E.Mr.ScotMarcielနှင့်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး(UNRC/HC)ဖြစ်သူ Mr. Knut Ostbyတို့က (၅.၁.၂၀၁၈)ရက်နေ့တွင် အဆိုပါ ဝန်ကြီးရုံး၊မေခလာခန်းမ၌လာရောက်တွေ့ဆုံပါသည်။

လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုအမှတ်စဉ်(၅)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၁၈ ၊ဇန်နဝါရီ ၈ လူမှုဝန်ထမ်းဦးစီးဌာန၊လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်း၊ရန်ကုန်မြို့တွင်(၅.၁.၂၀၁၈)ရက်နေ့၊ မွန်းလွဲ (၁၃း၀၀)နာရီ၌ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှု အမှတ်စဉ်(၅)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး မှညွှန်ကြားရေးမှူးဒေါက်တာဒေါ်ကေသီကျော်နှင့် ဌာနငယ် သင်တန်းကျောင်းများမှကျောင်းအုပ်များ/သင်တန်းနည်းပြများနှင့် UNICEFမှတာဝန်ရှိသူများတက်ရောက် ခဲ့ကြပါသည်။

နှစ်(၇၀)ပြည့်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီး ၊ ၂၀၁၈၊ဇန်နဝါရီ ၈ လူမှုဝန်ထမ်းဦးစီးဌာန ၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ ကော့မှူးမြို့၊ ရန်ကုန်တိုင်းဒေသကြီး တွင် (၄.၁.၂၀၁၈)ရက်နေ့ ၊နံနက် (ဝရး၀၀) နာရီ တွင်နှစ်(၇၀)ပြည့်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သင်တန်းကျောင်းသားများ၏ အားကစားပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ် ခဲ့ရာ