ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပဋိပက္ခဘေးရှောင် ပြန်လည်နေရာချထားခဲ့သော ရပ်ကွက်၊ ကျေးရွာများမှ ရခိုင်အမျိုးသမီးများအတွက် သက်မွေးဝမ်းကျောင်း ပညာများပို့ချပေးနိုင်ခဲ့မှု

      ရခိုင်ပြည်နယ် လူမှုဝန်ထမ်းရုံး၏ ဦးဆောင်မှုဖြင့် စစ်တွေအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်းမှ စစ်တွေမြို့ ပဋိပက္ခဘေးရှောင်၍ ပြန်လည်နေရာချထားပေးခဲ့သော ရပ်ကွက်၊ ကျေးရွာများထဲမှ ရခိုင်အမျိုးသမီးငယ်ရွယ်များအား ၂၀၁၆ခုနှစ်၊ ဇွန်လတွင် ရပ်ရွာအခြေပြု သက်မွေးပညာဖြစ်သော စက်ချုပ်သင်တန်းအား ၄င်းတို့နေရာသို့ ပို့ချခဲ့ပြီး ယခုစစ်တွေအိမ်တွင်းမှုများတွင် ( ၂၇-၆-၂၀၁၆ ) ရက်နေ့မှ ( ၄-၈-၂၀၁၆)ရက်နေ့အထိ စက်ချုပ်သင်တန်း(အဆင့်မြင့်)ကို ရခိုင်အမျိုးသမီးငယ်ရွယ်(၃၄)ဦးအား တတ်မြောက်အောင် သင်ကြားပို့ချပေးနိုင်ခဲ့ပြီး ( ၄-၈-၂၀၁၆ )ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်နိုင်ခဲ့ပါသည်။

FacebookTwitter

Recent News