လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရေဘေးအလှူငွေ လက်ခံခြင်းနှင့် လမ်းပေါ်နေကလေးများ အတွက် ယာယီစောင့်ရှောက်ရေးစခန်း ပိုမိုကောင်းမွန်စွာ ထားရှိရေးကြည့်ရှု

ရန်ကုန်၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အောင်စကြာမိုးကုတ် ဝိပဿနာဓမ္မရိပ်သာ၌ ကျင်းပသော အလှူရှင် ဒေါ်ရွှေပု၏ ရေဘေးသင့်သာသနိက အဆောက်အဦများ၊ ငလျင်ဒဏ်ကြောင့် ပျက်စီး သွားသော ပုဂံဘုရားစေတီပုထိုးများ ပြုပြင်ရန်နှင့်ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ်သိန်း(၈၀)ကို လက်ခံရယူကာ ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ပါသည်။

လမ်းပေါ်နေကလေးများ


      ဆက်လက်၍ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကမာရွတ်မြို့နယ်ရှိ နာနတ်တော ယာယီ ထိန်းသိမ်းရေးစခန်း သို့ရောက်ရှိပြီး ယာယီထိန်းသိမ်း ထား ရှိသောသူများ၏ နေထိုင်စားသောက်မှု အခြေအနေ၊ကျန်းမာရေးအခြေအနေများနှင့် အဆောက်အဦများစနစ်တကျ မွမ်းမံပြုပြင် ရန် လိုအပ်မှု များကိုလိုက်လံကြည့်ရှုပြီး လိုအပ်ချက်များ အကောင် အထည်ဖော်ဆောင်ရွက်ပေးရန်လမ်းညွှန် မှာကြား ခဲ့ပါသည်။

လမ်းပေါ်နေကလေးများ

      ထို့နောက် မွန်းလွဲပိုင်းတွင် သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ သို့ရောက်ရှိပြီး လာမည့်လာနီညာရာသီ အတွက် သဘာဝဘေးအန္တရာယ်ဆိုင် ရာကြိုတင် ကာကွယ်ရေးပညာပေးအစီအစဉ် များနှင့်ပတ်သက်၍   ဆောင်ရွက် မည့်လုပ်ငန်းများကို တာဝန်ရှိသူများနှင့် အတူဆွေးနွေးရာ သဘာဝဘေးပညာပေးအသံလွှင့်ဇာတ်လမ်းများ ထုတ်လွှင့် နိုင်ရေး၊ ပညာပေးဇာတ်လမ်းတိုဗွီဒီယိုများ ရိုက်ကူးပြသရေးအတွက် သဘာဝဘေး အန္တရာယ်ကျရောက်နေစဉ်ကာလအတွင်း ရိုက်ကူးထားသော ဖြစ်ရပ်မှန် ဗွီဒီယိုများ ရရှိ စုဆောင်းနိုင်ရေးတို့ကိုညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter

Recent News