အိမ်တွင်းအကြမ်းဖက်မှုနှင့် အကြမ်းဖက်မှု အမျိုးမျိုးခံစားနေရသော အမျိုးသမီးများအတွက် ပြဿသ နာများအား တစ်နေရာတည်းတွင် ကူညီ‌ဖြေ ရှင်းပေးနိုင်မည့်စင်တာဖွင့်လှစ်နိုင်ရေးဒုတိယအကြိမ် ညှိနှိုင်းအစည်း အဝေးကျင်းပ

နေပြည်တော်၊ ၂၀၁၆ခုနှစ်၊နိုဝင်ဘာလ ၈ ရက် -

      အိမ်တွင်းအကြမ်းဖက်မှုနှင့် အကြမ်းဖက်မှုအမျိုးမျိုးခံစားနေရသောအမျိုးသမီးများအတွက် ပြဿနာများအား တစ်နေရာ တည်းတွင် ကူညီ‌ဖြေရှင်းပေးနိုင်မည့် စင်တာ(One Stop women Support Center _ OSWSC)ဖွင့်လှစ်နိုင်ရေး ဒုတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးယနေ့နံနက် (၉း၃၀)တွင် နေပြည်တော်ဟိုတယ်ဇုံရှိ Helton Hotel ၌ ကျင်းပရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်ကအဖွင့်အမှာစကား‌ပြောကြားခဲ့ ပါသည်။

     "မြန်မာနိုင်ငံအနေနဲ့ အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်နေ့တွင်သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရ အနေဖြင့် အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးရေး၊ ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက် ခံရမှုများမရှိစေရေး၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အကျိုးစီးပွား ကိုရှေး ရှုပြီးအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာ(၄)ရပ်၊ အဓိကနယ်ပယ် (၁၂)ခုတို့နှင့် အကောင်ထည်ဖော်ဆောက်ရွက်လျက်ရှိကြောင်း၊ ကျား၊မတန်းတူညီမျှရေးနှင့် အမျိုးသမီး များအပေါ်ခွဲခြားဆက်ဆံမှုပပျောက်ရေးကိုနိုင်ငံတော်၏ တာဝန်ဝတ္တရားတစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာတွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက် လျက်ရှိပါကြောင်း၊ ကုလသမဂ္ဂအထွေထွေညီလာခံမှ သဘောတူဆုံးဖြတ်ထားသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များကို Global Agenda အရလုပ်ဆောင်သွားရမည်ဖြစ်ပြီး ၂၀၁၆ခုနှစ်မှစ၍ နောင်လာမည့်(၁၅)နှစ် အတွင်း အမြင့်ဆုံးအတိုင်းအတာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကျား၊မတန်းတူညီမျှမှုရရှိစေရေးနှင့် အမျိုးသမီးများ၊ အမျိုးသမီးငယ်များအားလုံးစွမ်းပကားတိုးမြှင့်စေရေးသည် အမျိုးသမီးများ၊ အမျိုးသမီးငယ်များအားလုံးအတွက် အလုပ်အကိုင်အခွင့်အလမ်းမှစ၍ ကဏ္ဍပေါင်းစုံတွင် ကျား၊မမခွဲခြားဘဲတန်းတူညီမျှ အခွင့်အလမ်းရရှိစေမည့်အပြင် အမျိုး သမီးများစွမ်းပကားတိုးမြှင့်နိုင်စေရေးတို့ကိုလည်းဆက်စပ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်လက်တွဲပြီးအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊စင်တာအားလူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ ရန်ကုန်မြို့၊ အမျိုးသမီး သက်မွေး အတတ် ပညာသင်ကျောင်းတွင် ထူထောင်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ထားရှိပြီးအဆိုပါသင်တန်းကျောင်းတွင် အိမ်တွင်းအကြမ်းဖက်ခံရသောအမျိုးသမီးလေးများ၊ လူကုန်ကူးခံရသောအမျိုးသမီးများနှင့်ဥပဒေအရညိစွန်းနေသော ကလေးများကိုလက်ခံစောင့်ရှောက်ထားပါကြောင်း၊ယနေ့ကျင်းပသောအစည်းအဝေးတွင်ဦးစီးဌာနမှ ပြင်ဆင်ထားသော Guide Line နှင့် TOR၊ Case Management Issue Form ပုံစံမူကြမ်းများကိုလည်းလက်တွေ့အသုံးပြုနိုင်အောင် ဝိုင်းဝန်းဖြည့်စွက်ပေးကြဖို့ကိုလည်းတိုက်တွန်း‌ပြောကြားလိုပါကြောင်း" စသည်ဖြင့် ‌ပြောကြားခဲ့ပါသည်။

      အဆိုပါအစည်းအဝေးသို့ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီးအစည်းအဝေးအား တစ်နေ့တာ ကျင်းပမည်ဖြစ်ပြီးအစည်းအဝေးတွင် ဌာနအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ လက္ခံစောင့်ရှောက်ရာတွင် အသုံးပြုမည့်ပုံစံများ၊ လုပ်ငန်းလမ်းညွှန် ချက်များကိုဝိုင်းဝန်းဆွေးနွေးကြမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

FacebookTwitter

Recent News