လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ Community and Family Services International(CFSI)အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ၂၈.၅.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Community and Family Services International(CFSI)အဖွဲ့မှ Executive Director ဖြစ်သူ Dr. Steven Muncy က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၏ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs)ပြန်လည်နေရာချထားမှု အကောင်အထည်ဖော် ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ၊ အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီး ဦးစိုးအောင် ဦးဆောင်သော လုပ်ငန်းအဖွဲ့ဝင်များ ဝိုင်းမော်မြို့နယ် နန်ဆန်ယန်ကျေးရွာသို့

ဝိုင်းမော်၊ ၂၅-၅-၂၀၁၉ မြစ်ကြီးနားမြို့တွင်ရောက်ရှိနေသော ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs)ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၊ အဖွဲ့ ခေါင်းဆောင် လူမှုဝန်ထမ်း ၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင် ၊ ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်း ၊ ကချင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်း ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊တိုင်းဦးစီး (ဗိုလ်မှူးကြီး ) ဗိုလ်မှူးကြီးထွန်းနေလင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် လုပ်ငန်းအဖွဲ့အဖွဲ့ဝင်များသည် မူလနေရပ်များသို့ မိမိဆန္ဒအလျောက် ပြန်လည်နေထိုင်လျှက်ရှိကြသည့် ဝိုင်းမော်မြို့နယ် နန်ဆန်ယန်ကျေးရွာသို့ သွားရောက်၍ ဒေသခံကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံကာ အားပေးစကားပြော ကြားပြီး လိုအပ်ချက်များ ဖြည့်ဆည်း ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံက ပူးပေါင်းဆောင်ရွက်ရန်အတွက် ဒုတိယအကြိမ် အဆင့်မြင့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်၊ ၂၇-၅-၂၀၁၉ ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံက ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဒုတိယအကြိမ် အဆင့်မြင့်ညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ ဝင်းမြတ်အေးနှင့်အတူ အာဆီယံအတွင်းရေးမှူးချုပ် Mr. Dato Lim Jock Hoi တို့က ပူးတွဲဥက္ကဌ အဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ၂၁.၅.၂၀၁၉ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည်နေရာချထားမှု အကောင် အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၁၉)ကို ယနေ့ မွန်လွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အဆိုပါ အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် လုပ်ငန်း အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်မြတ်အေး နော်ဝေအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်တို့နှင့် သီးခြားစီတွေ့ဆုံ

နေပြည်တော်၊ ၂၅.၅.၂၀၁၉ နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်မြတ်အေးသည် နော်ဝေအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး H.E. Mr. Dag-Inge Ulstein နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် Mr. Yves Daccord ဦးဆောင်သောအဖွဲ့တို့နှင့် ယမန်နေ့နံနက်ပိုင်းက Radisson Blu Hotel သီးသန့်ဧည့်ခန်းမဆောင်၌ သီခြားစီ တွေ့ဆုံခဲ့ပါသည်။

ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး နိုင်ငံတကာညီလာခံသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်မြတ်အေးတက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ၂၅.၅.၂၀၁၉ နော်ဝေနိုင်ငံ၊အော်စလိုမြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်မြတ်အေးသည် ယမန်နေ့က ကျင်းပပြုလုပ်သော ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး နိုင်ငံတကာညီလာခံ၌ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် တက်ရောက်လာကြသည့် ဂုဏ်သရေရှိ လူကြီးမင်းများ အားလုံးကို မင်္ဂလာပါလို့ ဦးစွာပထမနှုတ်ခွန်းဆက်သအပ်ပါကြောင်း၊ CEDAW, CRC, CRPD, ICESCR, Beijing Platform for Action, Sustainable Development Goals and UNSCR 1325 စသည့်ကတိကဝတ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် လိင်ပိုင်းဆိုင်ရာနှင့် ကျား၊မရေးရာအကြမ်းဖက်မှုများပပျောက်စေရန် မူဝါဒများ၊ ဥပဒေများ၊ မူဘောင်များနှင့် စီမံကိန်း များကိုချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာမဟာဗျူဟာစီမံချက် (၂၀၁၃-၂၀၂၂) နှင့် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည့် ပဋိပက္ခကာလအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကာကွယ်ရေး အထူးကိုယ်စားလှယ်နှင့်ချုပ်ဆိုထားသည့် ပူးတွဲစာချုပ် ( Joint Communique with the Special Representative for Sexual Violence in Conflict) တို့ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည်နေရာချထားမှု အကောင်အထည် ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ကချင်ဒေသစစ်ဘေးရှောင်ပြည်သူများအားကူညီစောင့်ရှောက်ရေး ကော်မတီ(KHCC)တို့ ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား၊ ၂၄-၅-၂၀၁၉ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည် ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ကချင်ဒေသစစ်ဘေးရှောင်ပြည်သူများအား ကူညီ စောင့်ရှောက် ရေးကော်မတီ(KHCC)တို့၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး ခန်း၌ကျင်းပခဲ့ရာ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၊ အဖွဲ့ခေါင်းဆောင် လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်း၊ လူမှုရေးဝန်ကြီး ဦးနေဝင်း၊ မြောက်ပိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ထွန်းနေလင်း၊ လုပ်ငန်းအဖွဲ့အတွင်းရေးမှူး ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ ကချင်ဒေသစစ်ဘေးရှောင် ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC)မှ ဒု-ဥက္ကဌ(၁)ဖာသာရ်ပေါလ်အောင်ဒန့် ဦးဆောင်သောအဖွဲ့များ တက်ရောက်ခဲ့ကြ ပါသည်။

ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ

နေပြည်တော်၊ ၂၂.၅.၂၀၁၉ ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ် တားဆီးရေးလုပ်ငန်းကော်မတီ (၂/၂၀၁၉) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပရာ လုပ်ငန်းကော်မတီ၏ ဥက္ကဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးမြင့်သူ၊ ကော်မတီအတွင်းရေးမှူး ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း နှင့်လုပ်ငန်းကော်မတီတွင် ပါဝင်သည့် ဌာနဆိုင်ရာ အသီးသီးမှ အဖွဲ့ဝင် ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။

ဒုတိယဝန်ကြီး ဦးစိုးအောင်အား International Crisis Group ရုံးခွဲဥက္ကဌက လာရောက်တွေ့ဆုံ

နေပြည်တော်၊ ၂၂.၅.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား အမေရိကန်ပြည်ထောင်စုရှိ International Crisis Group ရုံးခွဲမှ ဥက္ကဌ ဖြစ်သူ Mr. Robert Malley ဦးဆောင်သောအဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန(၃)ခု၏ အဓိက လုပ်ငန်းတာဝန်များ၊ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှု

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး UEHRD ပြည်ထောင်စုစီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်မှုများ ညှိနှိုင်းဆွေးနွေး

ရန်ကုန်၊ ၁၉.၅.၂၀၁၉ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)ကော်မတီ၏ လုပ်ငန်းအကောင်အထည်ဖော်မှု ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပပြုလုပ် ရာ အဆိုပါကော်မတီ၏ ဒုဥက္ကဋ္ဌ(၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် UEHRD အဖွဲ့ဝင်များ၊ အထောက်အကူပြု လုပ်ငန်းအဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပါသည်။