ဟားခါး၊ ၂၀.၄.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ချင်းပြည်နယ်အတွင်း၌ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
ကလေးမြို့၊ ၂၀.၄.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ ဆောက်လုပ်ရေးရိပ်သာ၊ အစည်းအဝေးခန်းမ၌ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသခံများနှင့်တွေ့ဆုံ၍ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေး ကာကွယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများကို ပူပေါင်းဆောင်ရွက်ရန်နှင့် လိုအပ်ချက် များကို ဖြည့်ဆည်းပေးရန် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
နေပြည်တော်၊ ၁၉.၄.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ကုလသမဂ္ဂယာယီဌာနေကိုယ်စားလှယ်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Knut Ostby က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၏ မေခလာခန်းမ၌လာရောက်တွေ့ဆုံပါသည်။
နေပြည်တော်၊ ၁၈.၄.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ဝန်ကြီးရုံး၏ သုတေသနလုပ်ငန်းဆောင်ရွက်ခြင်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာန Research and Development Centre ၏ လုပ်ငန်းအကောင်အထည်ဖော်မှုတိုးတက်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း တွင် အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်ပါသည်။