လစ်လပ်လျက်ရှိသော (၃၅)နေရာခန့် ထားရန် လျှောက်လွှာခေါ်ယူခြင်း

၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်လူမှုဝန်ထမ်းရုံးများတွင် လစ်လပ်လျက်ရှိသောလစာနှုန်း ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀ (၂၃၅)နေရာ၊ လစာနှုန်း ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀ (၃၅)နေရာခန့် ထားရန် အတွက် အောက်ဖော်ပြပါ အရည်အချင်းနှင့်ကိုက်ညီသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်လူမှုဝန်ထမ်းရုံးများတွင် လျှောက်ထားနိုင်ပါသည်-

ဒုတိယဦးစီးမှူးရာထူး(၃၀)နေရာအတွက် လျှောက်လွှာခေါ်ယူခြင်း

၁။ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ရှိ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် ၊ ရှမ်းပြည်နယ် ၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် လစ်လပ်လျက်ရှိသော(လစာနှုန်း ၂၁၆ဝဝဝိ-၂ဝဝဝိ-၂၂၆ဝဝဝိ)အဆင့် ဒုတိယဦးစီးမှူးရာထူး(၃၀)နေရာအတွက် အောက်ဖော်ပြပါ သတ်မှတ်အရည်အချင်း ပြည့်မီသူများကို လူမှုဝန်ထမ်းဦးစီးဌာန၊ ရုံးချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းရုံးများတွင် (၁၄-၁-၂၀၂၂)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်-

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ နှင့် UNCTFMR တို့၏ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီနှင့် UNCTFMR တို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ကျင်းပရာ ဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့်ကော်မတီဝင်များနှင့် UNCTFMR ဘက်မှ UNICEF, UNRCO, ILO, Save the Children , UNHCR,WFP, World Vision မှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားရာတွင် ယခု အစည်းအဝေးသည် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ နှင့် Country Task Force on Monitoring and Reporting (CTFMR) တို့ ပထမအကြိမ် တွေ့ဆုံညှိနှိုင်းသည့် အစည်းအဝေး ဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင် ကလေးသူငယ်များ၏ အကျိုးစီးပွားကို အကောင်းဆုံး အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ (၂၀၁၉)တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ဥပဒေနှင့်အညီ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များကို ကာကွယ်ပေးနိုင်ရန် မိမိတို့ အထူးကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် အာရှ- ပစိဖိတ်လူ့အခွင့်အရေးကော်မရှင်အဖွဲ့တို့က လာရောက်တွေ့ဆုံ

ဇူလိုင် ၃၁၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်များနှင့် အာရှ-ပစိဖိတ်လူ့အခွင့်အရေးကော်မရှင်မှ ကျွမ်းကျင်သူ Ms. Mohottalatage Thanuja Dayadari Navartne နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက် တွေ့ဆုံပါသည်။

ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေးအဖွဲ့ (၁/၂၀၁၉) အစည်းအဝေးကျင်းပ

၂၉.၇.၂၀၁၉၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေးအဖွဲ့ (၁/၂၀၁၉) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

လူငယ်ရေးရာဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေး ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်

ဇူလိုင် ၂၉၊ နေပြည်တော် ကလေးသူငယ် အခွင့်အရေး(၄)ရပ်အား ပြည့်မီစွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး (၂/၂၀၁၉)ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ အဆိုပါကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။