မော်လမြိုင်မြို့ရှိ ဌာနငယ်သင်တန်းကျောင်းနှင့် မူလတန်းကြိုကျောင်းမှ ဝန်ထမ်းများအား Corona virus disease(COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ အသိပညာပေး

မော်လမြိုင်မြို့ရှိ ဌာနငယ်သင်တန်းကျောင်းနှင့် မူလတန်းကြိုကျောင်းမှ ဝန်ထမ်းများအား  Corona virus disease(COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ အသိပညာပေး
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ဌာနငယ်သင်တန်းကျောင်းနှင့် မူလတန်းကြိုကျောင်းများမှ ဝန်ထမ်းများအား Corona virus disease(COVID-19) လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ ဖြစ်ပွားသော အခြေအနေအား ရှင်းလင်းခြင်းနှင့် နှင့် ကာကွယ်ရမည့် နည်းလမ်းများအား မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးမှ ဒေါက်တာရဲမြတ်ဦး၊ လက်ထောက်ညွှန်ကြား ရေးမှူး မှ (၅.၃.၂၀၂၀)ရက်နေ့တွင် ရှင်းလင်းပြောကြားခဲ့ပါသည်။

 

 

Corona virus disease (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ အသိပညာပေးခြင်းအား အလေးထားဆောင်ရွက်

(၁၀.၂၃.၂၀၂၀)ရက်နေ့တွင်လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ အမျိုးသမီးများ သက်မွေးအတတ်ပညာသင်ကျောင်းမှ ကလေးများနှင့် ဝန်ထမ်း(၂၀၀)ဦးခန့်အား အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် လည်းကောင်း၊ မသန်စွမ်းကလေးများ သင်တန်း ကျောင်းတွင် ကလေးနှင့် ဝန်ထမ်း(၁၅၀)ဦးခန့်နှင့် မန္တလေး လူငယ်သင်တန်းကျောင်းတွင် ကလေးနှင့် ဝန်ထမ်း(၆၀၀)ဦးခန့် အား ဒေါက်တာဥမ္မာအောင်၊ ဒုတိယညွှန်ကြားရေးမှူးမှ Corona virus disease (COVID-19) လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ အကြောင်း ကူးစက်နိုင်သော နည်းလမ်းများ၊ ရောဂါမဖြစ်ပွားအောင် ကာကွယ်နိုင်သော နည်းလမ်းများ၊ နှာချေ ချောင်းဆိုးသည့်အခါတိုင်း လိုက်နာရမည့် ကျင့်ဝတ် များ၊ ပါးစပ်နှင့်နှာခေါင်းစည်း(mask) အသုံးပြုခြင်းဆိုင်ရာ အကြံပြုချက်များ၊ စနစ်တကျ လက်ဆေးနည်းများ၊ တကိုယ်ရေသန့်ရှင်းရေး၊ အာဟာရပြည့်ဝသော အစားအစာများ စားခြင်း စသည့်ရောဂါကူးစက်မှု မှ ကာကွယ်နိုင်ရန် နည်းလမ်းများကို အသိပညာပေးခြင်း ဆောင်ရွက် ခဲ့ပါသည်။

ဒုတိယဝန်ကြီး ဦးစိုးအောင် ပြည်ထောင်စုနယ်မြေ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ မူလတန်းကြိုကျောင်းများမှ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်း အခမ်းအနား ကျင်းပ

မတ်လ ၇၊ နေပြည်တော်
    ပြည်ထောင်စုနယ်မြေ နေပြည်တော် လူမှုဝန်ထမ်း ဦးစီးဌာန လက်အောက်ရှိ မူလ တန်းကြိုကျောင်းများမှ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ  ထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် တတ်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဧရာဝတီတိုင်းဒေသကြီး ဖျာပုံနှင့် ဒေးဒရဲမြို့များတွင် ရပ်ရွာအခြေပြု စေတနာလူမှုဝန်ထမ်းသမားများနှင့်တွေ့ဆုံ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် ဖျာပုံမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးသို့ သွားရောက်ဖူးမျှော်ပြီး အလှူငွေပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာသို့သွားရောက်ခဲ့ပြီး ဘိုးဘွား(၃၅) ဦးအတွက် အလှူငွေ ကျပ် (၅)သိန်း၊ စောင်များနှင့် အခင်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ထန်းပင်ကျောင်းပရိယတ္တိစာသင်တိုက်သို့ သွားရောက်ကာ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ တွဲဘက်အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဝေပုလ္လအား ဖူးမျှော်ပြီး လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း ခဲ့ပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဖျာပုံနှင့် ဒေးဒရဲမြို့များတွင် ဖွင့်လှစ်လျက်ရှိသော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ် များအား ငွေကြေးထောက်ပံ့ခြင်း (MCCT) အစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်ကြမည့် ရပ်ရွာအခြေပြု စေတနာ လူမှုဝန်ထမ်းသမားများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ နှင့် UNCTFMR တို့၏ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီနှင့် UNCTFMR တို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ကျင်းပရာ ဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့်ကော်မတီဝင်များနှင့် UNCTFMR ဘက်မှ UNICEF, UNRCO, ILO, Save the Children , UNHCR,WFP, World Vision မှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားရာတွင် ယခု အစည်းအဝေးသည် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ နှင့် Country Task Force on Monitoring and Reporting (CTFMR) တို့ ပထမအကြိမ် တွေ့ဆုံညှိနှိုင်းသည့် အစည်းအဝေး ဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင် ကလေးသူငယ်များ၏ အကျိုးစီးပွားကို အကောင်းဆုံး အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ (၂၀၁၉)တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ဥပဒေနှင့်အညီ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များကို ကာကွယ်ပေးနိုင်ရန် မိမိတို့ အထူးကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊

ပဋိပက္ခအတွင်း အမျိုးသမီးများအားအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာအမျိုးသားအဆင့်ကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်၊ ၃.၃.၂၀၂၀ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက် ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပရာ အမျိုးသမီးများအား အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းကဏ္ဍတွင် မသန်စွမ်းသူများပါဝင်မှု မြှင့်တင်ရေးညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်

နေပြည်တော်၊ ၃.၃.၂၀၂၀ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ကဏ္ဍတွင် မသန်စွမ်းသူများပါဝင်မှု မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီ၊ ဒုတိယဥက္ကဌ(၁) ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါ သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံလုံးဆိုင်ရာ တမီ(လ်)ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို) က ကျင်းပသည့် တောင်သူလယ်သမား ဦးကြီးများအား ဂုဏ်ပြုသည့် ကောက်သစ်စားပွဲတော် အထိမ်းအမှတ် ပွဲတက်ရောက်

ရန်ကုန်၊ ၂.၃.၂၀၂၀ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မနေ့က ညနေပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏဘူမိ (Event Park)တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တမီ(လ်)ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို)က ကျင်းပပြုလုပ်သည့် တမီ(လ်)မျိုးနွယ်စုများ၏ ရိုးရာပွဲတော်တစ်ခုဖြစ်သည့် ပွန်ဂဲ (ခေါ်) တောင်သူလယ်သမား ဦးကြီးများအား ဂုဏ်ပြုသည့် ကောက်သစ်စားပွဲတော် အထိမ်းအမှတ်ပွဲသို့ တက်ရောက်ခဲ့ပါသည်။

တွံတေးမြို့၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးဌာန လုပ်ငန်းများအဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး ကွင်းဆင်း ကြည့်ရှု

တွံတေး၊ ၂၉.၂.၂၀၂၀ လူမှုဝန်ထမ်းဦးစီးဌာန၊ တွံတေးမြို့ရှိအမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးဌာနကိုလုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ြ ပန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ စန်းစန်းအေးနှင့်အဖွဲ့က ယနေ့နံနက်ပိုင်း၌ ကွင်းဆင်း ကြည့်ရှု၍ လုပ်ငန်းများ စတင်နိုင်ရန် ဆောင်ရွက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မြန်မာ့လူမှုအကျိုးပြုပရဟိတ (စံပြ) ထူးချွန်ဆု ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

ရန်ကုန်၊ ၂၉.၂.၂၀၂၀ ၂၀၁၉ ခုနှစ်အတွက် မြန်မာ့လူမှုအကျိုးပြုပရဟိတ (စံပြ) ထူးချွန်ဆုပေးအပ်ပွဲ အခမ်းအနား ကို ရန်ကုန်မြို့၊ Myanmar Convention Center တွင် ယနေ့မွန်းလွဲပိုင်း၌ Hope Charity Myanmar Foundation က ဦးဆောင်၍ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌဦးတင်မောင်ထွန်း၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။