အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ(မူကြမ်း)အား အသိပေးချပြသည့် အစည်းအဝေးကျင်းပခြင်း

နေပြည်တော် ၊ ဇူလိုင်၂၆

 

(၂၆.၇.၂၀၁၇)ရက်နေ့၊နံနက်(၁၀း၀၀)နာရီမှမွန်းလွဲ(၁၂း၃၀)နာရီအထိလူမှုဝန်ထမ်းဦးစီးဌာန၊အစည်းအဝေး

ခန်းမ၌အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)အားအသိပေးချပြသည့်အစည်းအဝေးကို ရေးသားရေး အဖွဲ့တွင်ပါဝင်သော လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများမှကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ  ကိုယ်စားလှယ်များဖြင့် အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ  စုစုပေါင်းကိုယ်စားလှယ်(၄၅)ဦးခန့် တက်ရောက်ခဲ့ပါသည်။

 

FacebookTwitter