လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး အား Open Society Foundations နှင့်မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးတို့ကသီးခြားစီလာရောက်တွေ့ဆုံ

 

 နေပြည်တော် ၊ဇူလိုင်၂၆                                                                                  

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး

ဒေါက်တာဝင်းမြတ်အေးအား (၂၆-၇-၂၀၁၇)မွန်းလွဲပိုင်းတွင် Open Society Foundations မှ အာရှ-ပစိဖိတ်ဒေသ ညွှန်ကြားရေးမှူး၊ Ms. Binaifer Nowrojee ဦးဆောင်သောအဖွဲ့က လာရောက်တွေ့ဆုံ၍ ၄င်းတို့အနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၂၅ နှစ်ခန့်ကပင် မြန်မာနိုင်ငံ အား ပြည်ပမှ ကူညီ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ပြည်တွင်းသို့ဝင် ရောက်၍ နိုင်ငံတကာ အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ပြီး ပညာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်နေပြီးဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့်လုပ်ငန်းများရှေးဦးအရွယ်ကလေးသူငယ်

ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနယ်ပယ်နှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

ညနေပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ  တရုတ်ပြည်သူ့သမ္မတဆိုင်ရာသံအမတ်ကြီး H.E Mr. Hong Liang ကလာရောက်တွေ့ဆုံပြီးမြန်မာနိုင်ငံဒေသတချို့တွင်ဖြစ်ပွားနေသည့် ရေဘေးအတွက် စိတ်မကောင်းဖြစ်ရပါကြောင်းနှင့် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ရပ်တည်ချက်မှာ မြန်မာနိုင်ငံ၏ ရပ်တည်ချက်နှင့်အတူတူပင် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်မည်သို့ကူညီနိုင်မည်ကို သိလိုပါကြောင်း၊ မြန်မာပြည်မြောက်ပိုင်းရှိပြည်သူများအတွက် ကူညီနိုင်ရေး ဝန်ကြီးဌာန၏ အကြံပြုချက်အား သိရှိလိုပါကြောင်းနှင့် လက်ရှိရေဘေးအတွက် လိုအပ်သည်များကူညီလိုပါကြောင်း ဆွေးနွေး ပါသည်။ ပြည်ထောင်စုဝန်ကြီးမှလည်း တရုတ်နိုင်ငံ တောင်ပိုင်းတွင်လည်း ရေဘေးကြုံတွေ့ နေရခြင်းအတွက်စိတ်မကောင်းပါကြောင်း၊ ရေဘေးသင့်သူများအတွက် တရုတ်နိုင်ငံ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့များ၏ စွမ်းစွမ်းတမံဆောင်ရွတ်ချက်များကို မိမိတို့ချီးကျူးပါကြောင်း၊ ရခိုင်ပြည်နယ်အရေး ကိစ္စအတွက် မြန်မာနိုင်ငံ၏ ရပ်တည်ချက်နှင့်ထပ်တူရှိခြင်းကို ကျေးဇူး တင်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် လူမှုအသိုက်အ၀န်းနှစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာစေရေး အစိုးရက ကြိုးစားဆောင်ရွက်နေပါကြောင်း၊၀န်ကြီးဌာနအနေဖြင့်ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ဒေသခံများအလုပ်အကိုင်ရရှိရေးအတွက်  အထည်ချုပ်စက်ရုံငယ် တစ်ရုံနှင့် ရိုးရာရက်ကန်းစင် လုပ်ငန်းများထူထောင်ပေးခဲ့ရာ လူ ၂၀၀ ခန့် အလုပ်အကိုင်ဖန်တီးပေးနိုင်ပါကြောင်း၊လူထောင်ချီ၍အလုပ်အကိုင်ဖန်တီးပေးနိုင်မည့်အထည်ချုပ်စက်ရုံကြီးထူထောင်

ရန်ရှိပါကြောင်း၊ မြန်မာပြည်မြောက်ပိုင်းတိုက်ပွဲရှောင်ပြည်သူများ ကယ်ဆယ် ရေးစခန်းများတွင် နေထိုင်စဉ်လိုအပ်သော အသက်မွေးဝမ်းကြောင်းသင်တန်း များစီစဉ်ပေးထားပါကြောင်း၊ ရေကြီးရေလျှံမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်နယ်/တိုင်း ဒေသကြီး(၁၀)ခုတွင်ရေဘေးဖြစ်ပွားနေပြီးအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေမှစားနပ်ရိက္ခာ

များထောက်ပံ့သကဲ့သို့စက်တပ်လှေ၊အသက်ကယ်အင်္ကျီစသည်များထောက်ပံ့ပါကြောင်း၊ရေကြီးရေလျှံဖြစ်ပါကသောက်သုံးရေခက်ခဲသဖြင့်

ရေသန့်စက်များ လည်း လိုအပ်ပါကြောင်း၊ သဘာဝဘေးစီမံခန့်ခွဲ မှုတွင်အရံသင့်တုံ့ပြန်နိုင်မှုနှင့် ဘေးဒဏ် ကြံ့ကြံ့ခံနိုင်မှုရှိအောင် ဦးစားပေးဆောင်ရွက်နေပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ရာ သံအမတ်ကြီးကလည်း တရုတ်နိုင်ငံအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေသို့ အလှူငွေထည့်ဝင်မည်ဖြစ်ကြောင်း၊ မြန်မာပြည်မြောက်ပိုင်းငြိမ်းချမ်းရေးနှင့်လူမှုစီးပွားဘ၀ဖွံ့ဖြိုးရေးအတွက်လည်းဆက်လက်ပူးပေါင်းဆောင်ရွက်

သွားမည်

ဖြစ်ကြောင်း၊စီးပွားရေးပူးပေါင်းဇုံတည်ထောင်ရန်သဘောတူခဲ့ကြောင်း၊၄င်းစီမံကိန်းသည်မြန်မာပြည်မြောက်ပိုင်းငြိမ်းချမ်း

ရေးအတွက်အထောက်အကူပြုနိုင်မည့်စီးပွားရေးပူးပေါင်းဇုံတည်ထောင်ရေးသဘောတူညီမှုအားအကောင်အထည်ဖေါ်

ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဆက်လက်ကူညီပံ့ပိုးမည့်အစီအစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter