ရာသီတုပ်ကွေးရောဂါ(H1N1)အသိပညာပေးခြင်းနှင့်Face Masks ၊လက်ဆေးဆပ်ပြာများပေးဝေခြင်း

မန္တလေးတိုင်းဒေသကြီး၊ သြဂုတ် ၁

(၁.၈.၂၀၁၇)  ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးလက်အောက်ရှိကလေးပြုစုရေးဌာန နှင့်မေတ္တာရိပ် မူကြို တို့မှ ပြု လုပ်သော ရာသီတုပ်ကွေးရောဂါ Seasonal Influenza A ( H1 N1)
ကြို တင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် Face Masks နှင့် လက်ဆေးဆပ်ပြာ ပေးဝေခြင်းအခမ်းအနားသို့ တိုင်းဒေသကြီးဦးစီးမှူးနှင့်လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာဥမ္မာအောင်၊ကလေးပြုစုရေးဌာနမှကျန်းမာရေးတာဝန်ခံသူနာပြု ဆရာမကြီးနှင့်ဆရာမများ ကလေးပြုစုရေးဌာနမှ ဒု-ကျောင်းအုပ်နှင့်တကွမေတ္တာရိပ်မူကြို မှ ရင်သွေးငယ်
မ် ား၏ မိဘမ် ား တက်ရောက်ကြ ပါသည်။  ရှေးဦးစွာဟောပြောပွဲကိုဌာနဆရာဝန်လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာဥမ္မာအောင်မှ ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန် ရှောင်ရန်အချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့်မိဘများ အား တိုင်းဒေသကြီးဦးစီးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာဥမ္မာအောင် တာဝန်ခံသူနာပြု ဆရာမကြီးတို့မှ face masks နှင့် Lifebuoy လက်ဆေးဆပ်ပြာများ ဝေငှပေးသွားပါသည်။

FacebookTwitter