မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် သြစတြေးလျနိုင်ငံ Founder of Football United Program မှ တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား သီးခြားစီလာရောက်တွေ့ဆုံ

 နေပြည်တော်၊ ၁၈.၉.၂၀၁၈

          တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Jukr Boon-Long က ယနေ့နံနက်ပိုင်းတွင်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး မေခလာခန်းမ၌  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးအား လာရောက်တွေ့ဆုံနှုတ်ဆက်ရာတွင် တာဝန်ထမ်းဆောင်နေချိန် အတွင်း မြန်မာ-ထိုင်းနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခဲ့သည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေးအတွက် UEHRDမှတဆင့် ထိုင်းလုပ်ငန်းရှင်များ၊ ကုမ္ပဏီများမှ ရင်းနှီးမြုပ်နှံမှု ပြုလုပ်နိုင်မည့် အခြေအနေများကိုလည်းကောင်း၊ မွန်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြုပ်နှံရေးကိစ္စရပ်များ၊ ထိုင်းနိုင်ငံဘက်တွင် ရောက်ရှိ နေသော မြန်မာနိုင်ငံသားများ ပြန်လည်ပို့ဆောင်ရေးနှင့် ပြန်လည်နေရာချထားရေး တိုးတက်မှု အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။

          ဆက်လက်၍ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ University of New South Wales၊ Founder of Football United Program မှ Mr. Anne Bunde-Birouste နှင့် ဒေါက်တာထွန်းအောင်ရွှေ ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံရာတွင် လူငယ်များအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု လျော့နည်းပပျောက်စေရန်၊ မူးယစ်ဆေးသုံးစွဲသူများ ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန်၊ လူငယ်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရပြီး ကျွမ်းကျင်မှုနှင့် စည်းလုံးညီညွတ်မှုတိုးတက်လာစေရန်၊ မိမိကိုယ်မိမိ ယုံကြည်မှုမြင့်မားလာစေရန်အတွက် ဘောလုံးအားကစားနည်းမှတဆင့် ဆောင်ရွက် နိုင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံမှ ရေးဆွဲအတည်ပြုပြီးဖြစ်သော လူငယ်မူဝါဒကို အကောင်အထည် ဖော်ဆောင်ရေး မဟာဗျူဟာ စီမံချက်များရေးဆွဲရာတွင် ဘောလုံးအားကစားနည်း အခြေပြု အစီအစဉ်များ ထည့်သွင်းနိုင်ရေး၊ လက်ရှိဆောင်ရွက်လျက်ရှိသော လူငယ်မူဝါဒနှင့် အကောင် အထည်ဖော်ဆောင်ရွက်ရေး မဟာဗျူဟာများအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ကိစ္စရပ် များ၊ ဘောလုံးအားကစား နည်းမှတဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဗဟုသုတများ၊ လူမှုသဟဇာတမျှတရေးဆိုင်ရာ အတွေးအခေါ်အမူအကျင့်များ၊ မူးယစ်ဆေးဝါး အန္တရာယ်များအား လူငယ်များသို့ ထိရောက်စွာ အသိပေးနိုင်ရေး ဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter