ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး သူငယ်များအား ငွေကြေး အထောက်အပံ့ပေးရေး အစီအစဉ်၏ လုပ်ငန်းအသေးစိတ် အစီအစဉ်(Micro Plan) ရေးဆွဲရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီ

၂၂-၉-၂၀၁၈၊ စစ်တွေ
    ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး သူငယ်များအား ငွေကြေး အထောက်အပံ့ပေးရေး အစီအစဉ်(Micro Plan) ရေးဆွဲရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၀၈း၀၀)နာရီတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး၊ ဦးစိုးအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပြည်နယ်အတွင်းရှိ မြို့နယ်များမှ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းလူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည်။
    ပြည်နယ်ဝန်ကြီးချုပ်၊ ဦးညီပုက အဖွင့်အမှာစကားပြောကြားရာတွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး သူငယ်များအား ငွေကြေး အထောက်အပံ့ပေးရေး အစီအစဉ်ရဲ့(Micro Plan)ကို ရခိုင်ပြည်နယ်မှာ အကောင်အထည်ဖော်ခဲ့တာ ဟာ ယခု(၆)လ ဘက်ဂျတ်ဆိုလျင် ဒုတိယနှစ်ဖြစ်ပါကြောင်း၊ ပထမအကြိမ် ငွေကြေးထောက်ပံ့မှုကို ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလမှာ ဆောင်ရွက်နိုင်ခဲ့ပြီး၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ်ကို ၂၀၁၈ခုနှစ်၊ မတ်လမှာ ပေါင်းစည်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် သက်ဆိုင်ရာဌာနများမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ ဒီအစီအစဉ်ဟာ ရခိုင်ပြည်နယ်ရှိ ကလေးသူငယ်များရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ အတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွှေ့ သက်ဆိုင်ရာ ဌာနများက ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ ပါသည်။
    ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး၊ ဦးစိုးအောင်က ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်ကို ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂဒေသတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအစီအစဉ်သည် ငွေကြေးထောက်ပံ့ခြင်းအပြင် ပြည့်ဝသောအဟာရ ရရှိစားသုံးရေး၊ တစ်ကိုယ်ရည်     ကျန်းမာရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများနှင့်     မိသားစုစီမံကိန်းများကိုလည်း
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ ရပ်ကွက်/ကျေးရွာ အဆင့်ထိ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အတွက် ဒီနေ့ အစည်းအဝေးမှာ ညှိနှိုင်းဆွေးနွေပြီး ဆက်လက်ဆောင်ရွက်မည့် (Micro Plan)ကို ရေးဆွဲသွားမှာ ဖြစ်ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်းမှာလည်း (၂)ကြိမ်ပေးပြီးတဲ့ အတွက် ပိုမိုကောင်းမွန်သော ပေါင်းစပ်ညှိနှိုင်းပူးပေါင်းဆောင်ရွက်သော လုပ်ငန်းအသေးစိတ် အစီအမံကို လက်တွေ့အခြေအနေနှင့်ကိုက်ညီသော အစီအမံရေးဆွဲကြမှာဖြစ်တဲ့အတွက် အစီအစဉ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြပါလို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်၍ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၁၈) ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ၂၂-၉-၂၀၁၈ရက်နေ့ (၀၉း၀၀)နာရီတ်ငင် ကျင်းပခဲ့ရာ ကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပူးတွဲဥက္ကဌ ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စယ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်၊ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
    နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က အဖွင့်အမှာ စကားပြောကြားရာတွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီ၏အောက်တွင် ပြန်လည်လက်ခံရေးလုပ်ငန်းကော်မတီနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီ(၂)ရပ်ကို ဖွဲ့စည်းတာဝန်ပေးအပခဲ့ပါကြောင်း၊ ပြန်လည်လက်ခံရေးကော်မတီတွင် လုပ်ငန်းတာဝန်(၇)ချက်ရှိပြီး၊ မိမိတို့ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီအနေဖြင့် လုပ်ငန်းတာဝန်(၁၆)ချက် ပါရှိပါကြောင်း၊ လုပ်ငန်းကော်မတီ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ အဓိကအနေနဲ့ လုပ်ငန်းကော်မတီမှာ ပြည်နယ်ကဌာနဆိုင်ရာတွေနဲ့ ဖွဲ့စည်းထား တာဖြစ်တဲ့အတွက် မြေပြင်အခြေအနေ ဆောင်ရွက်ရာမှာ ပိုမိုထိရောက်မှာဖြစ်သလို ဌာနဆိုင်ရာ အချင်းချင်းလည်း ပူးပေါင်းဆောင်ရွက်သွားကြဖို့ လိုအပ်မှာဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်မှာ ဆောင်ရွက်နေတဲ့ ကိစ္စတွေမှာ UEHRDကော်မတီ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး  ကော်မတီနဲ့   ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့်  ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီတွေက ဆောင်ရွက်နေတာတွေများစွာ ရှိပါ ကြောင်း၊ ယခု မိမိတို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းကော်မတီနှင့် ပြန်လည်နေရာ ချထားရေးလုပ်ငန်းကော်မတီတို့ကို လိုအပ်ချက်အရ ထပ်မံဖွဲ့စည်းပြီး လုပ်ငန်းများ ဆောင်ရွက်နေတာ ဖြစ်ပါကြောင်း၊ မိမိတို့ လုပ်ငန်း ကော်မတီရဲ့ ပထမအကြိမ် အစည်းအဝေးကို (၃-၉-၂၀၁၈)ရက်နေ့မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၊ နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ယခု ဒုတိယအကြိမ်မှာ ပိုမိုထိရောက်စွာဆောင်ရွက်ဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊အစည်းအဝေးခန်းမမှာ    လာရောက်ကျင်းပ ရခြင်းဖြစ်ပါကြောင်း၊    ပြန်လည်နေရာချထားရေးအတွက် လိုအပ်ချက်၊ အဟန့်အတား၊ အခက်အခဲ များကို ညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။
    ဆက်လက်၍ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ ဦးအောင်ကျော်ဇံက ဆွေးနွေးရာတွင် လုပ်ငန်းကော်မတီ၏ တာဝန်များကို အဖွဲ့ဝင် ဌာနဆိုင်ရာများအလိုက် စနစ်တကျ ခွဲဝေဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ဌာနတစ်ခုချင်းသော် ထည်းကောင်း၊ ပေါင်းစပ်၍သော်လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြ၍သော် လည်းကောင်း၊ လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ပြန်လည် ဝင်ရောက်လာသူများကို သတ်မှတ်ထားတဲ့ နေရာတွေမှာ ပြန်လည်နေရာချထားနိုင်ရန်နဲ့ ၎င်းတို့၏ ဘဝနေသားတကျဖြစ်သည်အထိ စားဝတ်နေရေး ကိစ္စတွေကို ဝိုင်းဝန်းစုပေါင်း ဆောင်ရွက်သွားကြ ရမှာ ဖြစ်ပါကြောင်း၊ ပြန်လည်နေရာချထားသည့် နေရာများကိုလည်း မြေပြင်ကွင်းဆင်း၍ အကွက်ရိုက် ခြင်းများ ဆောင်ရွက်ပြီး နယ်နမိတ် သတ်မှတ်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံမှ လှူဒါန်းမည့် Assembly Board Houseအလုံး(၁၀၀၀)ကိုလည်း မောင်တောနှင့် စစ်တွေတွင် ဖြန့်ခွဲသွားမည် ဖြစ်ပါကြောင်း၊ ပြည်နယ်တိုင်းဒေသကြီးများက ဆောက်လုပ်လှူဒါန်းသည့် နေအိမ်များ တွင်လည်း တိုင်းရင်းသားများကို နေရာချထားပေးပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ကျေးရွာများတွင် ထပ်မံလိုအပ်သည့် အဆောက်အဦများကို ဆောက်လုပ်ရန်အတွက် UEHRDကော်မတီက အလှူရှင်များ ရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံအစိုးရကလည်း နေအိမ်အလုံး(၂၅၀)လုံး ဆောက်လုပ်လှူဒါန်း လျှက်ရှိပါကြောင်း၊ ပြန်လည်နေရာချထားရေးလုပ်ငန်းတာဝန်များကို အားလုံး  ပူးပေါင်းဆောင်ရွက်ပြီး ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသည့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်းနှင့် ကော်မတီအဖွဲ့ဝင်များတို့က လုပ်ငန်းဆောင်ရွက်ချက် အ‌ခြေအနေကို တင်ပြရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် ပူးတွဲ ဥက္ကဋ္ဌတို့က ပေါင်းစပ်ညှိနှိုင်းပေးပြီး ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ ပါသည်။
    နေ့လည်ပိုင်းတွင် ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးစိုးအောင်သည် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ် ၏(Micro Plan) ရေးဆွဲရေးလုပ်ငန်းညှိနှိုင်း ဆောင်ရွက်နေမှုအခြေအနေများကို ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအဆင့် တာဝန်ရှိသူများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter