ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ရှိ အသက်အကြီဆုံး အဘိုး နှင့် အဘွားအား ဂုဏ်ပြုချီးမြင့်ငွေ ပေးအပ်ခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ ၁၀.၁၀.၂၀၁၈

၂၀၁၈ခုနှစ်၊အောက်တိုဘာ(၅)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် မြောင်းမြမြို့ရှိ အသက်အကြီးဆုံး အဘိုးနှင့် အဘွားအား ဂုဏ်ပြုငွေပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ရာ မြောင်းမြမြို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးအောင်ကျော်ဇေယျ နှင့် မြောင်းမြခရိုင် လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူ(၂)ဦးတို့က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား ကြပ်ခိုးကျေးရွာအုပ်စု၊ လေးကြီးကျေးရွာမှ အဘိုး ဦးမန်းစံကြွက် (၁၀၅)နှစ် နှင့် မြောင်းမြမြို့ အမှတ်(၈)ရပ်ကွက် မှ အဘွားဒေါ်စော (၁၀၅)နှစ်တို့အား တစ်ဦးလျှင် ၁၀ဝ၀ဝ၀ိ/-(ကျပ်တစ်သိန်းတိတိ)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter