မိခင်ဝိုင်းများအတွက် မိဘအသိပညာပေးသင်တန်းကို (၂၂.၁.၂၀၂၄) ရက်နေ့မှ (၂၆.၁.၂၀၂၄) ရက်နေ့ထိပြုလုပ်

  ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာအား ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မိခင်ဝိုင်းများဖွင့်လှစ်ဆောင်ရွက်ရန်၊ မိဘအသိပညာပေးသင်တန်းများကို ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာ၌ (၂၂.၁.၂၀၂၄) ရက်နေ့မှ (၂၆.၁.၂၀၂၄) ရက်နေ့ထိ ဆောင်ရွက်ခဲ့ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက မိခင်ဝိုင်းများဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် ကလေးဖွံ့ဖြိုးမှုအရေးကြီးပုံတို့ကို (၂၂.၁.၂၀၂၄) ရက်နေ့တွင်လည်းကောင်း၊ ကလေးသူငယ်အခွင့်အရေးများနှင့် မိခင်ဝိုင်းများ၏လုပ်ငန်းစဉ်များ အကြောင်းကို ဧရာဝတီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက (၂၃.၁.၂၀၂၄) ရက်နေ့တွင်လည်းကောင်း၊ (၂၄.၁.၂၀၂၄)ရက်နေ့နှင့် (၂၅.၆.၂၀၂၄)ရက်နေ့တို့၌ ကလေးများ၏ ကျန်းမာရေး၊ အာဟာရ၊ တစ်ကိုယ်ရည်သန့်ရှင်းရေး ၊ ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်များ ၊ (၃)နှစ်အောက်ကလေးများအတွက် သင့်တင့်သောကစားနည်းများ ၊ ဘာသာစကားဖွံ့ဖြိုးမှု ၊ ပုံပြင်ပြော နည်းလမ်းများနှင့် မှတ်တမ်းရေးသွင်းနည်းများ အကြောင်းတို့ကို လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက သင်ကြားပို့ချပေးခဲ့ပါသည်။ (၂၆.၁.၂၀၂၄) ရက်နေ့တွင် မိခင်ဝိုင်းများ စတင်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် မိခင်ဝိုင်းများအတွက် လိုအပ်သည့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

FacebookTwitter