အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကျင်းပ (ကရင်ပြည်နယ်)

ကရင်ပြည်နယ် အမျိုးသမီးကော်မတီနှင့် ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးရုံး၏ ဦးဆောင်မှုဖြင့် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို (၈-၃-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အမျိုးသမီးကော်မတီဝင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဘားအံပညာရေးကောလိပ်မှ သင်တန်းသား/ သူများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ သင်တန်သား/သူများ၊ ကျား (၈၃) ဦး၊ မ (၂၂၇) ဦး၊ စုစုပေါင်းအင်အား (၃၀၀)ဦး တက်ရောက်ခဲ့ပါသည်။

FacebookTwitter