အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား ကျင်းပပြုလုပ်(ဧရာဝတီတိုင်းဒေသကြီး)

ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ၂၀၂၄ခုနှစ်၊ မတ်လ(၈)ရက်၊ နံနက် (၀၉း၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်အဆင့်/ခရိုင်အဆင့် အမျိုးသမီးကော်မတီဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဝင်များ၊ စုစုပေါင်း (၂၀၀) ခန့် တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကမ္ဘာ့ကုလသမဂ္ဂ၊ အထွေထွေအတွင်းရေးမှူးချုပ်ကပေးပို့သော သဝဏ်လွှာ Video Clip အား ပြသခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပေးပို့သည့် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး Video Clip အားပြသခဲ့ပြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဇနီး၊ အမျိုးသမီးကော်မတီဝင်များက ခင်းကျင်းပြသထား သည့် အမျိုးသမီးများ၏ လက်မှုထုတ်ကုန်များအား လှည့်လည်ကြည့်ရှုအားပေးပြီး (၀၉း၃၀)နာရီတွင် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

FacebookTwitter