အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား (မကွေးတိုင်းဒေသကြီး)

    ၂၀၂၄ခုနှစ်၊ မတ်လ(၈)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားအား မကွေးမြို့၊ မြို့တော်ခန်းမ၌ (၈.၃.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်က ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ အတွင်းရေးမှူး၊ အမျိုးသမီးအားကစားအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးအတွင်း အမျိုးသမီးများအရေးကိုဆောင်ရွက်ကြသည့် အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအား ထောင်ရောင်နေမြို့ဘွဲ့ တေးသီချင်းဖြင့်ဖျော်ဖြေ၍ စတင်ဖွင့်လှစ်ခဲ့ပြီးနောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သီရိပျံချီ ဦးတင့်လွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှ ပေးပို့လာသောသဝဏ်လွှာဗီဒီယိုနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ချက် မှတ်တမ်းဗီဒီယိုတို့အား ဖွင့်လှစ်ပြသခဲ့ပြီး ကျေးလက်သဘာဝကျေးလက်အလှ တေးသီချင်းဖြင့် တင်ဆက်ဖျော်ဖြေပြီး ဖျော်ဖြေရေးအကအဖွဲ့အား ဝန်ကြီးချုပ်မှ ဂုဏ်ပြု ဆုငွေများချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားအား ပြီးစီးခဲ့ပါသည်။

FacebookTwitter