ဧရာဝတီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ စတုတ္ထသုံးလပတ်၌ ဧရာဝတီတိုင်းဒေသကြီးအတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ ဆောင်ရွက်နေမှုများ၏ အားသာချက်၊ အားနည်းချက်များကို သုံးသပ်ဆွေးနွေးရန်နှင့် ရှေ့လုပ်ငန်းစဉ်များအား ချမှတ်ရန် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို (၁၄.၃.၂၀၂၄)ရက်နေ့ နံနက် (၀၉:၀၀)နာရီ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ ဥက္ကဌ လူမှုရေးရာဝန်ကြီး နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

FacebookTwitter