ပဲခူးတိုင်းဒေသကြီး ၊၂၀၁၈ခုနှစ် ၊ မေလ ၂၅ရက် လူမှုဝန်ထမ်းဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှကြီးမှူး၍ပဲခူးမြို့ကြခတ်တောရကျောင်းတိုက်တွင်ဖွင်လှစ်သောရပ်ရွာအခြေပြုအခြေခံ စက်ချုပ်သင်တန်းဆင်းပွဲနှင့်ပြွန်တန်ဆာမြို့၊ပင်းတလဲ ​ကျောင်းတိုက်တွင်ဖွင့်​လှစ်​​သောရပ်ရွာအခြေပြုအဆင်မြင့်စက်ချုပ်သင်တန်းဆင်းပွဲအခမ်းအ နားအား(၂၅.၅.၂၀၁၈)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ရာပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်ကြည်နှင့်တာဝန်ရှိသူများ ၊ဖိတ်ကြား ထားသူများ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ၂၀၁၈ခုနှစ်၊ မေလ ၂၅ရက် (၂၄.၅.၂၀၁၈)ရက်နေ့၊နံနက်(၁၀း၀၀) နာရီအချိန်တွင်ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးခန်းမ ၌မြို့နယ်ကလေး သူငယ်အခွင့်အရေးများ ဆိုင်ရာကော် မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၁၈)ကိုကျင်းပခဲ့ပါသည်။အဆိုပါအစည်းအဝေးသို့ ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကျော်တက်ရောက်ခဲ့ပြီး
ညောင်ဦးခရိုင်၊ ၂၀၁၈ခုနှစ်၊ မေလ ၂၄ရက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှဖွဲ့စည်းထားသည့် M&E အဖွဲ့သည်ဝန်ကြီးဌာနနှင့် နားလည်မှု စာချွန်လွှာလက် မှတ်ရေးထိုး၍မြေပြင်တွင်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် PACT Myanmar နှင့် ADRA Myanmar အဖွဲ့အစည်းတို့၏ လုပ်ငန်းများဆောင်ရွက်မှုအခြေအနေကို (၂၃-၅-၂၀၁၈) ရက်နေ့တွင် ကွင်းဆင်းလေ့လာမှု များပြုလုပ်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၁၈ခုနှစ်၊ မေလ ၂၄ရက် လူမှုဝန်ထမ်းဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးကွပ်ကဲမှုအောက်ရှိသုံးခွ(ပျဉ်းမကန်)မူလတန်းကြိုကျောင်း၊သုံးခွမြို၏ကျောင်းဆင်း ဂုဏ်ပြုလက်မှတ်ချီးမြှင့်ပွဲနှင့် ပဒေသာကပွဲအား(၂၃.၅.၂၀၁၈)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီတွင် အဆိုပါကျောင်း၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနား သို့ ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးဒေါက်တာကေသီကျော်နှင့် တာဝန်ရှိသူများ တက်ရောက် အားပေးချီးမြှင့်ပေး ခဲ့ကြပါသည်။
နေပြည်တော် ၊၂၀၁၈ခုနှစ်၊ မေလ ၂၃ရက် (၂၃.၅.၂၀၁၈)ရက်နေ့၊နံနက်(၀၉း၃၀)နာရီမှ (၁၁း၃၀)နာရီအထိ လူမှုဝန်ထမ်းဦးစီးဌာန၊အစည်းအဝေးခန်းမ၌ (UN Convention on the Elmination of all forms of Discrimination Against Women UNCEDAW)ကော်မတီ မှပေးပို့လာသော ရခိုင်ပြည်နယ်ကိစ္စ အရေးပေါ်မေးမြန်းသည့်မေးခွန်းများနှင့် စပ် လျဉ်းသည့်ခြွင်းချက်အစီရင်ခံစာရေးသားရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူ(၃၀)ဦးဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
နေပြည်တော်၊၂၀၁၈ခုနှစ်၊မေလ ၂၂ရက် (၂၁.၅.၂၀၁၈)ရက်နေ့၊နေ့လည်(၁၃း၀၀)နာရီမှညနေ(၄း၄၅)နာရီအထိလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ၀န်ကြီး ရုံးစုပေါင်းခန်းမ၌ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျုဟာစီမံကိန်း (၂၀၁၃-၂၀၂၂) နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့(၄) ဖွဲ့ဖြစ်သော Violence Against Women Technical Working Group, Gender Mainstreaming Technical Working Group , Women Participation Technical Working Group, Women Peace and Security Technical Working Group အဖွဲ့များမှ Chair,Co-chair များနှင့်တွေ့ ဆုံဆွေးနွေးသည့် ညှိနှိုင်းအစည်းအဝေး ကိုတက်ရောက်သူ(၂၈)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ရာ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊၂၀၁၈ခုနှစ်၊ မေလ ၂၂ရက် လူမှုဝန်ထမ်းဦးစီးဌာန၊ရခိုင်ပြည်နယ် ၊ကျောက်ဖြူခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ခင်နွယ်ထွန်းနှင့်တာဝန်ရှိသူများသည် (၂၁.၅.၂၀၁၈) ရက်နေ့၊နံနက် (၁၀း၀၀)နာရီတွင်ကျောက်ဖြူမြို့နယ်အတွင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော မိခင်ဝိုင်းများသို့သွားရောက်၍ ကြည့်ရှုစစ်ဆေးဆောင်ရွက်
ဧရာဝတီတိုင်းဒေစကြီး၊၂၀၁၈ခုနှစ်၊မေလ၂၁ရက် ၂၀၁၈ခုနှစ် ၊မေလ(၁၈)ရက်နေ့၊နေ့လည် (၁း၀၀)နာရီတွင်ဖျာပုံမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ လူမှုဝန်ထမ်းဦးစီးဌာန၊ဖျာပုံမြို့၊ အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်းနှင့် Welt-hunger half(ဘိုကလေးမြို့) တို့ပူးပေါင်း ဖွင့်လှစ်ခဲ့သည့် ရပ်ရွာအခြေပြု (၄/၂၀၁၈) စမော့ကင်းထိုး နည်းနှင့် ချည်ပန်းထိုးသင်တန်းဆင်းပွဲ ကျင်းပခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး ၊၂၀၁၈ခုနှစ်၊ မေလ ၂၁ရက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများနှင့်အတူ (၂၀.၅.၂၀၁၈)ရက်နေ့ ၊နံနက်ပိုင်းတွင် မုံရွာမြို့ရှိရွှေစည်းခုံစေတီတော်နှင့် ဆုတောင်းပြည့်စေတီ တို့အားသွားရောက်ဖူးမျှော်ကြည်ညိုပြီး အလှူငွေများအ သီးသီးပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ မုံရွာမြို့၊ရန်ကင်းကျောင်းတိုက်၊ ရန်ကင်းကျောင်းဆရာတော် အဂ္ဂမဟာဂန္တ၀ါစက ပဏ္ဍိတဘဒ္ဒန္တပညာဝံသ အားသွားရောက် ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်း များနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၁၈ခုနှစ်၊မေလ ၂၁ရက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများနှင့် အတူ (၁၉.၅.၂၀၁၈) ရက်နေ့ ၊နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရွှေဂုံတိုင် ကလေးပြုစုရေးဌာနတွင် ကျင်းပပြုလုပ်သောမွေးကင်း စကလေးဆောင် ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပါသည်။