၁၅.၇.၂၀၂၁ ၊နေပြည်တော်
    “အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ”၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ Virtual ပုံစံဖြင့် ကျင်းပရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

၁၀.၇.၂၀၂၁  မြစ်ကြီးနားမြို့
ကချင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှအခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို (၁၀.၇.၂၀၂၁)ရက်နေ့ မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက် မင်္ဂလာသုခကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

၉.၇.၂၀၂၁    ရွှေဘိုမြို့
(၉.၇.၂၀၂၁)ရက်နေ့တွင် Gender / CEDAW / NSPAW အသိပညာပေး သင်တန်းအားခရိုင်အမျိုးသမီးကော်မတီဝင်ဌာနဆိုင်ရာများ ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းမှ မူကြိုဆရာမများ ၊ မိခင်ဝိုင်းခေါင်းဆောင်များ ပါဝင်သည့် သင်တန်းသား(၃၀)ဦးဖြင့် ရွှေဘိုခရိုင်လူမှုဝန်ထမ်းရုံး၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

၅.၇.၂၀၂၁   ရွှေဘိုမြို့
၂၀၂၀-၂၀၂၁ ၊ ဘဏ္ဍာရေးနှစ်အတွင်း စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကို (၅.၇.၂၀၂၁)ရက်နေ့တွင် ရွှေဘိုခရိုင်လူမှုဝန်ထမ်းရုံး၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းအနားတွင် ရွှေဘိုခရိုင်အတွင်းရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ(၄)ခုနှင့် ဘိုးဘွားရိပ်သာ (၁)ခုသို့ ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။

၂၉.၆.၂၀၂၁   မကွေးမြို့
မကွေးတိုင်းဒေသကြီးအတွင်း အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအတွင်းရှိ အမျိုးသမီး ကော်မတီများနှင့်တွေ့ဆုံကာ ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းများ ဆွေးနွေးညှိနှိုင်းသည့် မကွေးတိုင်းဒေသကြီးအမျိုးသမီးကော်မတီအစည်းအဝေး(၁/၂၀၂၁)အား (၂၉.၆.၂၀၂၁)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် မကွေးမူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၎.၇.၂၀၂၁  မကွေးမြို့
၂၀၂၁ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများ နေ့ အထိမ်းအမှတ်အခမ်းအနားအား မကွေးတိုင်းဒေသကြီးအမျိုးသမီးကော်မတီက ကြီးမှူး၍ (၄.၇.၂၀၂၁)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်၌ မကွေးမူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၁၂.၆.၂၀၂၁၊ နေပြည်တော်
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁) အား ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လူကိုယ်တက်ရောက်ခြင်းနည်းလမ်းဖြင့်လည်းကောင်း Zoom  မှ တဆင့် Online နည်းလမ်းဖြင့်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။