နိုဝင်ဘာ ၂၉ ၊ ဘန်ကောက်
    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့ မွန်းလွဲပိုင်းက UN. Women ဌာနချုပ်၏ Deputy Executive Directorဖြစ်သူ Ms. Anita Bhatia နှင့် တွေ့ဆုံခဲ့ပါသည်။

ဘန်ကောက်၊ ၂၈-၁၁-၂၀၁၉ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပ ပြုလုပ်သည့် ကျား/မ တန်းတူညီမျှရေးအတွက် ပေကျင်းကြေငြာချက်(၂၅)နှစ်ပြည့် ပြန်လည် သုံးသပ်မှုဆိုင်ရာ အာရှ-ပစိဖိတ် ဝန်ကြီးများအဆင့်ညီလာခံသို့တက်ရောက်၍ ယနေ့နံနက်ပိုင်းတွင် အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲရေးတွင် ကျား/မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများ ပါဝင်ခွင့် ရရှိရေးနှင့်ပြုပြင်ပြောင်းလဲမှု၏

နိုဝင်ဘာ(၂၄)၊ နေပြည်တော်
    မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဒုတိယဥက္ကဋ္ဌဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်တို့ဦးဆောင်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး(၁၆) ရက်တာလှုပ်ရှားမှု လူထုလမ်းလျှောက်ပွဲကို ယနေ့ နံနက် (၆)နာရီမှ စတင်ကာ နေပြည်တော် ပရဆေးဥယျာဉ်မှ ရေပန်းဥယျာဉ် ဂိတ်အမှတ်(၃)အထိ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ရေပန်းဥယျာဉ်ရှေ့တွင် ကျန်းမာရေးသရုပ်ပြကကွက်များဖြင့် ပျော်ရွှင်စွာပါဝင်ဆင်နွဲခဲ့ကြပါသည်။

နိုဝင်ဘာ ၂၁၊ ဗီယင်ကျန်းမြို့
(၁၀)ကြိမ်မြောက်အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးအဆင့်အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ၊ ဗီယင်ကျန်းမြို့ Don Chan Palace ဟိုတယ်အစည်းအဝေးခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော  မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့ကြပါသည်။

နိုဝင်ဘာ ၁၆ ၊ မကွေး
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဉက္ကဌနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများသည် ယနေ့နံနက် ပိုင်းက မကွေးတိုင်းဒေသကြီးအတွင်း ရှေးဦးအရွယ်ကလေးသူငယ်ကဏ္ဍဍ ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် မသန်စွမ်းသူများအား ထောက်ပံ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

နိုဝင်ဘာ ၁၅၊ နေပြည်တော်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လေ့လာရေးခရီးစဉ် ဒုတိယနေ့အဖြစ် (၁၄-၁၁-၂၀၁၉) ရက်နေ့နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ Chayang ခရိုင် စေတနာ့ဝန်ထမ်းဝန်ဆောင်မှုဌာနသို့ သွားရောက်လေ့လာခဲ့ရာ ပြည်သူ့ရေးရာ ဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့် စေတနာဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက လက်ခံ တွေ့ဆုံခဲ့ပါသည်။