ကချင်ပြည်နယ်၊ ၃၁-၃-၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်နယ် လူမှုရေးဝန်ကြီး၊ ပြည်နယ်သယံဇာတ နှင့် သဘဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဖားကန်မြို့သို့ရောက်ရှိပြီး ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ကျောက်မျက်ကုမ္ပဏီ များ၏ ပျိုးဥယျဉ်တွင် မန်ဂျန်ရှား ပျိုးပင်များ စိုက်ပျိုးထားရှိမှုနှင့် ပိတ်သိမ်းပြီးသက်တမ်း ကုန်လုပ်ကွက် မြေနေရာများတွင် မြေများ ပြန်ဖို့၍ မန်ဂျန်ရှားပြန်လည်စိုက်ပျိုးပြီး ဖြစ်ထွန်းအောင်မြင်မှုများကို သွားရောက်ကြည့်ရှုခဲ့ကြပါသည်။ ဖားကန့်ဒေသတွင် (၂၀၁၆) မှ (၂၀၁၈) ခုနှစ်အထိ မန်ဂျန်ရှားပင် (၁.၄) သိန်းကျော် စိုက်ပျိုးထားရှိပြီး၊ (၂၀၁၉) ခုနှစ်တွင်းလည်း ပျိုးပင်ပေါင်း (၁)သိန်းကျော် စုဆောင်းထားရှိမှုကြောင်း ကျောက်မျက်ကုမ္ဗဏီ တာဝန်ရှိသူများ၊ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင်းထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် တာဝန်ရှိသူများက တင်ပြဆွေးနွေးခဲ့ကြပါသည်။
နေပြည်တော်၊ ၂၉.၃.၂၀၁၉ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင်နေပြည်တော်၊ လယ်ဝေးမြို့၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး၊ သီရိရတနာခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားပါသည်။
နေပြည်တော်၊ ၂၉.၃.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် World Bank Head of Office for Myanmar မှ Mr. Gevorg Sargsyan ဦးဆောင်သော World Bank အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံသံအမတ်ကြီး H.E. Mr. Ronen Gilor တို့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံပါသည်။
နေပြည်တော်၊ ၂၈.၃.၂၀၁၉ မသန်စွမ်းသူများ၏ အခွင့်အရေးကို မီဒီယာများနှင့်ပူးပေါင်း၍ ထိထိရောက်ရောက် ဖော်ဆောင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အမရာ ဟိုတယ်၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးကို မီဒီယာများ နှင့်ပူးပေါင်း၍ ထိထိရောက်ရောက်ဖော်ဆောင်ရန်ဖြစ်ပါကြောင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး အတွက်
နေပြည်တော်၊ ၂၈.၃.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က နော်ဝေအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး HE. Mr. Dag- Inge Ulstein ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံပါသည်။