မြန်မာနိုင်ငံရှိ ကျား၊ မ အခြေုပြု အကြမ်းဖက်မှု ခံစားနေရသည့် မိန်းကလေးငယ်များ၊ အမျိုးသမီးငယ်များ၏ လက်ရှိ အခြေအနေ ဆန်းစစ်လေ့လာသည့် သုတေသနတွေ့ရှိချက်များအား ရှင်းလင်းတင်ပြသည့် အလုပ်ရုံ ဆွေးနွေးပွဲကျင်းပခြင်း

 

နေပြည်တော်၊၂၀၁၈ ၊ဇန်နဝါရီ ၁၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် Korea Women’s Development Institute (KWDI)တို့ ပူးပေါင်းပြုလုပ်ခဲ့သော မြန်မာနိုင်ငံရှိ ကျား၊ မ အခြေုပြု အကြမ်းဖက်မှု ခံစားနေရသည့် မိန်းကလေးငယ်များ၊ အမျိုးသမီးငယ်များ၏ လက်ရှိ အခြေအနေ ဆန်းစစ်လေ့လာသည့် သုတေသနတွေ့ရှိချက်များအား ရှင်းလင်းတင်ပြသည့် အလုပ်ရုံ ဆွေးနွေးပွဲကို (၂၇-၁၂-၂၀၁၇)ရက်နေ့ နံနက်  ( ၈ : ၃၀)တွင် နေပြည်တော်ရှိ  လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။  အဆိုပါ အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားရာတွင်  KWDI သည် ကိုးရီယား သမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင်ရှိသော အမျိုးသမီးများအတွက်   သုတေသန အမျိုးမျိုးကို အဓိကထားပြီး အမျိုးသမီးအရေးကို ဆောင်ရွက်နေသော  ဝန်ကြီးဌာန တစ်ခုဖြစ်ပြီး KWDI မှ ဦးဆောင်၍ အာဆီယံနိုင်ငံများအတွင်းမှာရှိ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအိုနှင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များကို ဖိတ်ခေါ်ကာ Set and Share the Agenda for  Gender Equality (SSAGE) အလုပ်ရုံဆွေးနွေးပွဲများကိုကျင်းပပေးလျက်ရှိပါကြောင်း၊ (၂၀၁၃)ခုနှစ်မှ စတင်ပြီး နှစ်စဉ်အလုပ်ရုံ ဆွေးနွေးပွဲများကို  ဖိတ်ခေါ်ဆောင်ရွက်ပေးပြီး ဆွေးနွေးပွဲများတွင် ကျား၊ မတန်းတူညီမျှရေးကဏ္ဍများနှင့် အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးကဏ္ဍများ၊ ပြည်ပအကူအညီရရှိရေးကဏ္ဍများ စသည်တို့ကို   ဆွေးနွေးခဲ့ကြတဲ့အပြင် တောင်ကိုးရီးယားနိုင်ငံ၏ အမျိုးသမီးများအတွက်ချမှတ်ထားသော မူဝါဒများနှင့် အလေ့အကျင့်ကောင်းများကို လေ့လာစေခြင်း တို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ KWDI အဖွဲ့နဲ့  လူမှုဝန်ထမ်းဦးစီးဌာနတို့အနေဖြင့်  နားလည်မှု စာချွန်လွှာရေးထိုးနိုင်ရေးကိုလည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ဒီသုတေသနခေါင်းစဉ်ကို ရွေးချယ်ရခြင်း အကြောင်းအရင်းမှာ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးများအတွက် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျုဟာစီမံကိန်း (၂၀၁၃-၂၀၂၂)ကို ရေးဆွဲခဲ့ပြီး အဓိက လုပ်ငန်းနယ်ပယ် (၁၂)ရပ်ကို သုတေသနပြုခြင်း (သို့မဟုတ်) စစ်တမ်း ကောက်ယူခြင်း၊ အသိပညာပေးခြင်း၊ အကောင် အထည်ဖော် ဆောင်ရွက်ခြင်းနှင့် ဘတ်ဂျက်နှင့် မူဝါဒချမှတ်ဆောင်ရွက်ခြင်းဆိုတဲ့ မဟာဗျူဟာ(၄)ရပ်နဲ့ ၂၀၁၃ခုနှစ်မှစတင် အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ သုတေသနပြုခြင်း (သို့မဟုတ်) စစ်တမ်း ကောက်ယူခြင်းကလည်း လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ ပါဝင်နေတဲ့အတွက် ဒီလို သုတေသနလုပ်ငန်း စဉ်များကို ထည့်သွင်းဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်းပြု ကျင့်ခံရမှုနှုန်း သိသာစွာ မြှင့်တက်လာခြင်း၊ သုတေသနတွေ့ရှိချက်များ အရ အမျိုးသမီး (၃)ဦးမှာ (၁)ဦးဟာ နေ့စဉ် အကြမ်းဖက် ခံနေရခြင်းများကြောင့် မြန်မာနိုင်ငံအနေနဲ့ ယခုခေါင်းစဉ်ဖြစ်သော မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ အသက်(၁၃)နှစ်မှ အသက် (၂၄)နှစ် အရွယ်အတွင်းမှာရှိတဲ့  ကျား၊ မ အခြေပြု အကြမ်းဖက်မှုကို ခံစားနေရတဲ့ မိန်းကလေး ငယ်များ၊ အမျိုးသမီးငယ်များရဲ့ ပညာရေးနယ်ပယ်၊ ကျန်းမာရေးနယ်ပယ်နှင့် လူမှုရေး နယ်ပယ်တို့ရဲ့ လက်ရှိအခြေအနေ  လေ့လာမှုဆန်းစစ်ခြင်းကို ရွေးချယ်ပြီး သုတေသန ပြုခဲ့ရခြင်း ဖြစ်ပါကြောင်း၊ ဒီသုတေသနမှ တွေ့ရှိချက်များကို အခြေခံပြီး မိန်းကလေးငယ်များ၊ အမျိုးသမီးငယ်များအတွက် အကာအကွယ်ပေးနိုင်မဲ့ အစီအမံများကို ဖော်ထုတ်ခြင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများမှာ အထောက်အကူပြုပေး နိုင်ခြင်းနှင့်  မကြာမီထွက်ရှိလာမဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးဥပဒေနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ကို လည်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် အစီအစဉ်အရ သုတေသန စတင်ဆောင်ရွက်ရန် KWDI နှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ချိတ်ဆက်ဆောင်ရွက်မှု အခြေအနေအား ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ယဉ်ယဉ်ပြုံးက လည်ကောင်း၊ သုတေသနစစ်တမ်းကောက်ယူဆောင်ရွက်ရန်အတွက် စီမံချက်ပါ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှုအခြေအနေအား ဦးစီးအရာရှိ၊ ဒေါ်သိန်းသိန်းထွေးမှလည်းကောင်း၊ သုတေသနတွေ့ရှိချက်များ၊အကြံပြုချက်၊သုံးသပ်ချက်များအားသုတေသနပညာရှင်၊ဒေါက်တာအေးမြတ်လွင်မှလည်း ကောင်းအသီးသီးဆွေးနွေးတင်ပြကြပြီး တက်ရောက် လာကြသူများမှ သိရှိလိုသည်များအား အသီးသီးမေးမြန်းကြကာ အလုပ်ရုံဆွေးနွေးပွဲအား နံနက် (၁၀း၃၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

FacebookTwitter