ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းသို့ အလှူငွေပေးအပ်ပွဲကျင်းပပြုလုပ်

ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းအတွက်အလှူငွေပေးအပ်ပွဲအား(၅-၈-၂၀၁၈)ရက်နေ့တွင်အမှတ်(၆၄)၊ကကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးတွင်ကျင်းပပြုလုပ်ရာအလှုရှင်  ဦးဇော်မိုးခိုင် + ဒေါက်တာ စောနေနွယ် Pac Pacific - AA Foundation မှ အလှူငွေ ကျပ်သိန်းတစ်ရာနှင့် အားဆေး ကျပ်သိန်းငါးဆယ် စုစုပေါင်း ကျပ်သိန်းတစ်ရာ့ငါးဆယ်အားပေးအပ်လှူဒါန်းရာရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း  အထွေထွေအတွင်းရေးမှူး  ပါမောက္ခဒေါက်တာမြသီတာ၊  တွဲဖက်အထွေထွေ အတွင်းရေးမှူး  ဒေါက်တာ ပြုံးမိုးအိနှင့်  အေ‌ထာက်အကူပြုအဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ခိုင်နွယ်ဦး၊ ဒေါ်ခင်စောမူနှင့် ဒေါ်မြင့်မြင့်ရီတို့မှ  တက်ရောက်၍ အလှူငွေအားလက်ခံရယူခဲ့ကြပါသည်။

          ထို့နောက်  ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်း တွဲဖက်အအထွေထွေအတွင်းရေးမှူး  ပါမောက္ခဒေါက်တာမြသီတာမှ  အသင်းကိုယ်စား  အလှူရှင်များအား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ရာ  အသင်းအား နိုင်ငံတော်အတိုင်ပင်ခံ၏ လမ်းညွှန်ချက်နှင့်အညီ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ အသင်းအား ရင်ခွင်မဲ့ကလေးလျော့ချရေး၊ ရှိပြီးသားရင်ခွင်မဲ့ကလေးများကို  ၄င်းတို့၏လိုအပ်ချက်နှင့်အညီ  စောင့်ရှောက်ရေး၊ ဖြစ်နိုင်ခြေရှိသောမိခင်လောင်းများကို အကာအကွယ်ပေးရေးစသည့်ရည်ရွှယ်ချက်များဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အသင်းအနေဖြင့် ပြည်သူများ၏အခက်အခဲကို  အသင်းတွင်ပါဝင်သည့်ပြည်သူများ၊ ပြည်တွင်းအလှူရှင်များ၏အကူအညီဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့လှူဒါန်းသည့် ငွေနှင့်ဆေးပစ္စည်းများကိုလည်း ကလေးများအတွက်  အမှန်တကယ် လိုအပ်သည့်နေရာများတွှင် အကျိုးရှိရှိသုံးစွဲသွားမည်ဖြစ်ကြောင်းနှင့် ယနေ့လှူဒါန်းမှုသည်  အနာဂတ်လူတော်လူကောင်းလေးများအတွက်  မခန့်မှန်းနိုင်သော အကျိုးအမြတ်များရရှိမှာဖြစ်သောကြောင့် အလှူရှင်များအားအထူးပင်ကျေးဇူးတင်ရှိကြောင်းပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter