ဖျာပုံ၊ နိုဝင်ဘာလ (၂၁) -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး လူမှုရေး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျှက် နိုဝင်ဘာလ (၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပသော ဖျာပုံခရိုင်အတွင်း လူမှုစီးပွား ဘဝမြင့်မားရေး အတွက် အလှူငွေနှင့်ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားပြီး ဖျာပုံမြို့နယ်နှင့် ဒေးဒရဲမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအတွက် ၇ ပေသွပ်များနှင့် အလှူငွေများ၊ ရပ်ကွက်တွင်းနှင့် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းများ၊ ဝန်ကြီးဌာနအသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၈)ကျောင်းအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေ (၆) သိန်းကျပ်စီနှင့် သင်ထောက်ကူ ပစ္စည်းများ ၊ မသန်စွမ်းသူများအတွက် ဝှီးချဲများ၊ ရွာလုံးကျွတ်မီးလင်းရေး ကျေးရွာ(၄)ရွာ အတွက် အင်ဂျင်မီးစက် (၁)လုံးစီ၊ ဖျာပုံမြို့နယ်၊ ကဇောင်းကျေးရွာ၊ မူကြိုကျောင်းဆောက်လုပ်ရန် အတွက် (၂၀၀) သိန်း၊ စုစုပေါင်းငွေသား (၃၇၅)သိန်း နှင့် (၃၁၈)သိန်းခန့် တန်ဖိုးရှိသော လူမှုစီးပွားဘဝ မြင့်မားရေး အထောက်အကူပြု ပစ္စည်းများကို သက်ဆိုင်သူများ ထံ ထောက်ပံ့ပေးပါသည်။