သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများ ဖော်ဆောင်ရေး သက်ကြီးရွယ်အိုများအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းဖြင့် ကိုယ်တိုင်ပါဝင် ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး

ရန်ကုန်၊ ၂၉-၉-၂၀၁၉ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူး ရုံးတွင်ကျင်းပပြုလုပ်သော သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများဖော်ဆောင်ရေး သက်ကြီး ရွယ်အိုများအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းဖြင့် ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်ရေး တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

ပထမအကြိမ် မြန်မာနိုင်ငံယောဂအသင်း၏ နှစ်ပတ်လည်လှုပ်ရှားမှုအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်

နေပြည်တော်၊ ၂၈-၉-၂၀၁၉ ပထမအကြိမ် မြန်မာနိုင်ငံယောဂအသင်း၏ နှစ်ပတ်လည်လှုပ်ရှားမှု အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်၊ တုံဂပူရီဟိုတည်၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား World Vision International Myanmar က လာရောက်တွေ့ဆုံ

နေပြည်တော်၊ ၂၇-၉-၂၀၁၉ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး World Vision International Myanmar မှ တာဝန်ရှိသူ များအား ဝန်ကြီးဌာန၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ ကလေး သူငယ်အခွင့်အရေးများ

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ အားလုံးအတွက် ကနဦး ထောက်ပံ့ငွေများ ပေးအပ်

ပဲခူး၊ ၂၂.၉.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအားလုံးအတွက် ကနဦး ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူများအတွက် အစိုးရကချမှတ်ထားသော မူဝါဒများနှင့် ကိုက်ညီအောင် ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်လျက်ရှိကြောင်း၊

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်

မုံရွာ၊ ၂၁.၉.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ ရွှေစည်းခုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုပြီး အလှူငွေများ လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် အရှေ့လေးထပ် စာသင်တိုက်ရှိ ဆရာတော်အား ဖူးမြော် ကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့် အလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပြင်ဦးလွင်ခရိုင်အတွင်းရှိ သက်ကြီးရွယ်အိုများ ပါဝင်သော လူမှုအားမာန်အဖွဲ့များနှင့်တွေ့ဆုံ ထောက်ပံ့

ပြင်ဦးလွင်၊ ၂၁.၉.၂၀၁၉ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက ပြင်ဦးလွင်ခရိုင်အတွင်းရှိ သက်ကြီးရွယ်အိုများ ပါဝင်သော လူမှုအားမာန်အဖွဲ့များနှင့်တွေ့ဆုံထောက်ပံ့ခြင်း အခမ်းအနားကို အင်းပုတ်ကျေးရွာ၌ ကျင်းပခဲ့ပါသည်။ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုကာကွယ် စောင့်ရှောက်ရေး မဟာဗျူဟာအရ သက်ကြီးသူများဦးဆောင်သော

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ် ပူးတွဲဆန်းစစ်ချက် အစီရင်ခံစာ အသိပေးအခမ်းအနား တက်ရောက်

နေပြည်တော်၊ ၂၀.၉.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)တို့ ပူးပေါင်း၍ ရခိုင်ပြည်နယ် ပူးတွဲဆန်းစစ်ချက် အစီရင်ခံစာ အသိပေးအခမ်းအနားအား ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးဉီးခင်မောင်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဉီးစိုးအောင်၊ ရခိုင်ပြည်နယ် လျှပ်စစ်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံတို့နှင့်အတူ UEHRD ကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး UNHCR ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး တို့အား သီးခြားစီလက်ခံတွေ့ဆုံ

နေပြည်တော်၊ ၁၉.၉.၂၀၁၉ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် UNHCR ဌာနေကိုယ်စားလှယ် Mr. Johan Cels ဦးဆောင်သော အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာတူရကီသံအမတ်ကြီး H.E Kerem Divanhoglu ဦးဆောင်သော အဖွဲ့တို့အား ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံ ပါသည်။