စစ်ကိုင်းတိုင်း၊ ဇူလိုင် ၉ ရက် ယုံကြည်ခြင်းပရဟိတဂေဟာနှင့်အေးရိပ်မွန်အမျိုးသမီးဖွံ့ဖြိုးရေးဂေဟာများသို့တိုင်းဒေသကြီးဦးစီးမှူးကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇူလိုင်လ ၉ ရက် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးသည် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ ကလေးအခွင့်အရေးများဆိုင်ရာစီမံအုပ်ချုပ်ခြင်း အစရှိသည့် ကလေးသူငယ်များ၏ အခွင့်အရေးများကို အခြေပြုလျက် မြန်မာနိုင်ငံအတွင်းရှိ ကလေးသူငယ်များ၏ ဘဝရပ်တည်ရှင်သန်မှု အရည်အသွေးများကို မြှင့်တင်ပေးရန်ဟူသော မြင့်မားသောဦးတည်ချက်ဖြင့် Save the Children (UK) အဖွဲ့နှင့်လည်းကောင်း၊ မသန်စွမ်းသူများနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်၊ လုပ်ငန်းစီမံချက်များအား အထောက်အကူပြုခြင်းဖြင့် အမျိုးသမီးများ၊ လူငယ်၊ ဆယ်ကျော်သက်များနှင့် ကလေးသူငယ်များအတွက် အခြေခံစွမ်းရည် တည်ထောင်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရန်အတွက် Action Aid Myanmar အဖွဲ့နှင့်လည်းကောင်း (၉.၇.၂၀၁၈) ရက်နေ့၊ နေ့လည် (၁၃းဝ၀) နာရီအချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ရုံးချုပ်၌ နားလည်မှုစာချွန်လွှာ (MoU)များရေးထိုးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
နေပြည်တော်၊ ဇူလိုင် ၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးဦးစိုးအောင်သည် နေပြည်တော်၊ ဇမ္ဗူသီရိဟိုတယ်၌ကျင်းပသည့် မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများ မိတ်ဆက်ခြင်းအခမ်းအနားသို့ ယနေ့မွှန်းလွဲပိုင်းတွင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ ၉.၇.၂၀၁၈၊ ၂၀၁၈ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို မကွေးတိုင်းဒေသကြီးအမျိုးသမီးကော်မတီမှ ဦးဆောင်၍ (၃.၇.၂၀၁၈)ရက်နေ့၌ မကွေးမူလတန်းကြို ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးမှ အဖွင့်အမှာစကားနှင့်မြန်မာနိုင်ငံအမျိုးသမီးကော်မတီ ဖြစ်ပေါ်လာပုံအား ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး အတွင်း တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်အများဆုံးရရှိသည့် ထူးချွန်ကျောင်းသူ၊ ထူးချွန်အမျိုးသမီး ကြက်ခြေနီနှင့် အမျိုးသားအဆင့် အားကစားပြိုင်ပွဲအသီးသီးတွင် ရွှေတံဆိပ်ဆုရ ထူးချွန်အမျိုးသမီး(၁၃)ဦးအား ဆုများပေးအပ် ချီးမြှင့်ခဲ့ပါသည်။
နေပြည်တော် ဇူလိုင် ၉ UNHCR မှ အာရှ ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Indrika Ratwatte နှင့်အဖွဲ့သည် ယနေ့နံနက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးစိုးအောင်အား လာရောက်တွေ့ဆုံခဲ့ပါသည်။
နေပြည်တော် ဇူလိုင် ၉ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၊ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးစိုးအောင်သည် နေပြည်တော်၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၌ ကျင်းပပြုလုပ်သည့် (၁၅)ကြိမ်မြောက် ထူးချွန်မြန်မာအမျိုးသမီးများ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ယနေ့ နံနက်ပိုင်းတွင် တက်ရောက်အမှာစကားပြောကြား သည်။
ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းအတွက်အလှူငွေပေးအပ်ပွဲအား(၅-၈-၂၀၁၈)ရက်နေ့တွင်အမှတ်(၆၄)၊ကကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးတွင်ကျင်းပပြုလုပ်
၂၀၁၈ ခုနှစ်၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် အသက်(၁၄)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မန်္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှုအောက်ရှိ လူငယ်သင်တန်းကျောင်းနှင့် အသိအမှတ်ပြုပရဟိတဂေဟာများမှ အမျိုးသားကလေးသူငယ်(၂၀)ဦးဖြင့် ၀င်ရောက်ယှဉ်ပြိုင
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အတွက် အမျိုးသားမူးယစ်ဆေးဝါး မူဝါဒကို ထုတ်ပြန်ကြေညာပြီးဖြစ်သဖြင့် မူးယစ်ဆေးဖြတ်ပြီး သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက် အကောင်အထည်ဖော်နိုင် ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ လူမှုဝန်ထမ်း ဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင်ကျင်းပရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားပါသည်။
ရခိုင်ပြည်နယ်၊ ၂၀၁၈ခုနှစ်၊ဇွန်လ ၂၈ရက် ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံး၏ဦးဆောင်ကြီးကြပ်မှုဖြင့်CFSIအဖွဲ့တို့ပူးပေါင်း၍မူကြိုဆရာမများစွမ်း ဆောင်ရည်မြှင့်တင်ခြင်းသင်တန်း ကို (၁၁.၆.၂၀၁၈) ရက်နေ့မှ (၁၆.၆.၂၀၁၈)ရက်နေ့အထိ စစ်တွေမူလတန်းကြိုကျောင်းတွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ